ဦးမာန်တစ်ယောက် ချောင်းသာကနေပြန်လာသည့်နေကတည်းကစပြီး မှိုင်နေတာမို့ တစ်ခုခုဖြစ်လို့လားဆိုပြီး ဝဠာစိုးရိမ်နေသည်။ ဝဠာမေးတော့လည်း ရေရေရာရာပြန်မဖြေ။ တစ်ယောက်တည်းကြိတ်မှိတ်ပြီးခံစားနေတော့ရော ဦးမာန်အတွက်စိတ်ထိခိုက်ရုံကလွဲလို့ ကောင်းတာမရှိပေ။အခုလည်း ဆိုင်ကိုရောက်လာပြီး အပြင်ကိုကြည့်ကာထိုင်နေသည်။ အတွေးတွေလွင့်နေတယ်ဆိုတာ ဝဠာမြင်ရုံနဲ့သိသည်။ ဦးမာန်ဘေးမှာ ဝဠာသွားထိုင်နေပါသော်လည်း ဦးမာန်ကတော့ သူ့ကိုသတိမထားပေ။
"ဦးမာန် တစ်ခုခုအဆင်မပြေတာရှိလို့လား.."
"ဟင် ဝဠာ အင်း မရှိပါဘူး.."
ဝဠာလှမ်းခေါ်လိုက်မှ အယောင်ယောင်နနနဲ့သူ့ဖက်ကိုလှည့်လာသည်။
"တစ်ခုခုဆို ကျွန်တော့်ကိုရင်ဖွင့်လေ.."
"အင်းပါ ကိုယ်တကယ်ဘာမှမဖြစ်ဘူး..."
ဘာမှမဖြစ်ဘူးချည်းပြောနေတာကြောင့် ဝဠာသက်ပြင်းသာချလိုက်သည်။ သူဦးမာန်ကိုဒီလိုမှိုင်တွေနေတဲ့ပုံစံမျိုးနဲ့မမြင်ရက်ပေ။ အရာအားလုံးကို သူကပဲ ရင်ဆိုင်ဖြေရှင်းပေးချင်သည်။
"မတွေ့ရတာကြာပြီနော် ကိုကို..."
"ဝတီ..."
ဝဠာနဲ့ဒီသာစကားပြောနေရင်း ဝတီကအနားကိုရောက်လာသည်။
"လာဦး ကိုကိုနဲ့ပြောစရာရှိတယ်.."
ဝတီက ဝဠာ့လက်ကိုအတင်းဆွဲကာခေါ်ထုတ်သွားသည်မို့ ဒီသာမျက်နှာခုနကပုံစံနှင့်မဟုတ်တော့။ ထွက်သွားတဲ့ဝတီနဲ့ဝဠာ့ကိုသေချာလိုက်ကြည့်နေသည်။
စိတ်ညစ်တာကစိတ်ညစ်တာပဲ သဝန်တိုတာက သဝန်တိုတာပဲ သက်သက်စီ..."ဟာ ဒီကလေးမ လက်သွက်လိုက်တာ.."
ဝတီက ဝဠာ့မျက်နှာကို သူ့လက်၂ဖက်နှင့်အုပ်ကိုင်လိုက်သည်မို့ ဒီသာပါးစပ်ကနေတောင်လွှတ်ခနဲထွက်သွားသည်.
"ဝဠာနော် ဝဠာ ကိုယ်အဲ့တာတွေကြောင့် စိတ်မချတာ..."
ကိုကိုကြီးဘယ်လိုပဲတားနေပါစေ ဝဠာ့ကိုသူလက်မလွှတ်ပေးနိုင်ဘူး...
အခုလိုမြင်ကွင်းမျိုးကို မြင်လိုက်ရတော့ ပိုသေချာသည်။
ဝဠာ့ကိုသူမဟုတ်တဲ့အခြားတစ်ယောက်နဲ့တွဲမြင်မယ်ဆို သူဘယ်လိုမှခံစားနိုင်မှာမဟုတ်ဘူး...
YOU ARE READING
မြှားနတ်မောင် ကျီစယ်တာလား (completed)
Romanceမင်းနဲ့ငါ အခုလိုဆုံတွေ့ရတာ... မြှားနတ်မောင်က ကျီစယ်သွားတာလား 🏹