Part-6

3K 226 13
                                    

"Boss ကျွန်တော်ရောက်ပါပြီ.."

"အေး ဒီနားက Neon cafe မှာ ice-coffeeတစ်ခွက် သွားဝယ်ပေးပါ.."

"ဟုတ် Boss.."

နေယံလည်း Bossခိုင်းတဲ့အတိုင်း သွားဝယ်ရန်ပြင်လိုက်သည်။

"အာ....နေယံ နေဦး..
တစ်ခွက်မဟုတ်ဘူး နှစ်ခွက်ဝယ်ခဲ့...
မဟုတ်ဘူး မဟုတ်ဘူး ငါဘာသာသွားတော့မယ်...
မင်းလည်းလိုက်ခဲ့..."

"ဗျာ....ဟုတ်.."

Boss ဖြစ်သူရဲ့စကားတွေကြောင့် နေယံမှာသွားပဲသွားဝယ်ရမလို Bossရဲ့အနောက်ပဲလိုက်သွားရမလိုနဲ့ကြောင်နေသည်။

"သြော် မန်နေဂျာဦးထွန်းကိုပါသွားခေါ်လိုက်...
ငါဝယ်တိုက်မှာလို့ပြော ကြားလား.."

"ဟုတ်ကဲ့ Boss.."

နေယံလည်း Bossပြောသလို ဦးထွန်းကိုသွားခေါ်လိုက်ပြီး Bossရဲ့အနောက်ကနေလိုက်လာခဲ့လိုက်သည်။

ဆိုင်ထဲရောက်တော့ ဒီသာဆိုင်ထဲကိုဝေ့ပြီးကြည့်လိုက်သည်။ ကော်ဖီဖျော်နေတဲ့ အေပရွန်အနက်ရောင်နဲ့ကောင်လေးကိုတွေ့ပြီးတာနဲ့ ဒီသာလည်း ဝိုင်းတစ်ဝိုင်းမှာ ဝင်ထိုင်လိုက်သည်။

ခဏကြာတော့ ထိုကောင်က ဒီသာတို့အနားကိုရောက်လာကာ မေးလာသည်။

"ပုံမှန်အတိုင်းပဲချပေး..."

"ပုံမှန်ဆိုတာက.."

"မီးငယ်နဲ့လာတုန်းက ချပေးသလိုမျိုးလေ..."

"ဒါပဲလား..."

"နောက်ထပ်ကော်ဖီ၂ခွက်ပါချပေး.."

"အင်း.."

ပြောပြီးတာနဲ့ ဝဠာကထွက်သွားသည်။ ဝဠာထွက်သွားတာနဲ့ ဒီသာလည်း နေယံတို့ဘက်ကိုပြန်လှည့်လိုက်သည်။ ဒီသာလည်း လှည့်လိုက်ရော နေယံနဲ့ဦးထွန်းက ဒီသာကိုကြည့်နေကြတာမို့ ဒီသာလည်းပြန်သာပြုံးပြလိုက်သည်။

"ဒီဆိုင်က ကော်ဖီအရမ်းသောက်လို့ကောင်းတယ်သိလား...
အဲ့တာကြောင့် ကျွန်တော်ကခေါ်လာတာ.."

"ဟုတ်ကဲ့ Boss.."

hotelကစားဖိုမှူးတွေလည်း ကော်ဖီကောင်းကောင်းဖျော်တတ်ပါတယ် ဆိုတာကိုတော့ နေယံနဲ့ဦးထွန်းတို့စိတ်ထဲကနေသာ ပြောလိုက်သည်။

မြှားနတ်မောင် ကျီစယ်တာလား (completed)Donde viven las historias. Descúbrelo ahora