"ဝဠာ မင်းကောင်မလေးရောက်နေတယ်..."
"ဗျာ ကိုဖြိုးဘယ်သူ့ကိုပြောတာလဲ?.."
ကိုဖြိုးရဲ့ 'မင်းကောင်မလေး´ ဆိုတဲ့စကားကြောင့် ဝဠာလည်းကြောင်သွားသည်။
"ဟာ မင်းဆီလာလာနေတဲ့ကောင်မလေးလေ..
ယောက်ျားမကျ မိန်းမမကျဟာလေ..""အာ...လွန်းအိမ်ပြောတာလား...
ကျွန်တော့်ကောင်မလေးမဟုတ်ပါဘူး..""မသိပါဘူးကွာ မင်းတို့ကအမြဲတပူးတတွဲတွဲနဲ့ဆိုတော့..."
"ဒီလိုပဲခင်တာပါ.."
"ဟုတ်လို့လားကွာ..."
"ဟုတ်ပါတယ် အဲ့တာဆိုကျွန်တော်သူ့ဆီခဏသွားလိုက်ဦးမယ်..."
"ကြွ ကြွ အဆင့်တက်ဖို့လည်းမမေ့နဲ့နော်.."
"မဟုတ်ပါဘူးဆိုဗျာ.."
ကိုဖြိုးကိုပြန်ပြောလိုက်ပြီး ဝဠာလည်း အပြင်ကိုထွက်လာလိုက်သည်။
"လွန်းအိမ်ဖူးမာန်..."
"အေး ဒီကိုလာထိုင် ငါနင့်ကိုပြောစရာရှိလို့.."
ဝဠာလည်း လွန်းအိမ်နဲ့မျက်နှာချင်းဆိုင်ကို ဝင်ထိုင်လိုက်သည်။
"ပြော.."
"ဒီလိုကွာ နင်ငါ့ဦးငယ်ဆီမှာအလုပ်လုပ်မလား.."
"ဟမ်!.."
"ဦးငယ်က အခုdriverတစ်ယောက်လိုနေလို့တဲ့...
သူ့ကားကိုပဲမောင်းပေးရမှာကွာ...
မနက်ခင်းနဲ့ညနေခင်းပဲမောင်းပေးရမှာ...
တစ်လကို၃သိန်းတောင်ရမှာနော်...
သူခရီးထွက်လို့ခေါ်မယ်ဆိုရင် ဘောက်ဆူးထပ်ပေးမယ်တဲ့..""sorry ငါမလုပ်ချင်ဘူး...
နင်ပြောပေးတာအတွက် ကျေးဇူးပါ...""ဟာ နင်ကလည်း နည်းနည်းလောက်ပြန်စဉ်းစားပါဦး...
နင်သာ ဦးငယ်ရဲ့အလုပ်ကိုလက်ခံလိုက်ပြီဆိုဟညဘက်barမှာ သွားလုပ်စရာမလိုတော့ဘူးလေ...
စဉ်းစားပါဦး...""ငါ့အကုန်အဆင်ပြေတယ် လွန်းအိမ်ဖူးမာန်...
ဘယ်သူသနားတာကိုမှလည်း မခံချင်ဘူး...
အဲ့တော့ ဒီအလုပ်ကိုငါမလုပ်နိုင်ဘူး...
နင် တစ်ခုခုလိုရင်လှမ်းခေါ်လိုက်...
လုပ်စရာရှိသေးလို့ သွားတော့မယ်..."
ŞİMDİ OKUDUĞUN
မြှားနတ်မောင် ကျီစယ်တာလား (completed)
Romantizmမင်းနဲ့ငါ အခုလိုဆုံတွေ့ရတာ... မြှားနတ်မောင်က ကျီစယ်သွားတာလား 🏹