Part-30(Uni)

5.3K 399 16
                                    


"ဝဠာ Sky companyကို ကော်ဖီသွားပို့ပေးပါလား..
လူလည်းကျတော့ ကိုဖြိုးမသွားနိုင်လို့.."

"ရတယ်လေ ကျွန်တော်သွားပို့ပေးမယ်.."

"အေးအေး ကျေးဇူးပဲ..."

ကိုဖြိုးဆီက ကော်ဖီခွက်တွေကိုယူကာ ဝဠာ စက်ဘီးစီးပြီး Sky companyကိုထွက်လာခဲ့သည်။ အောက်မှာပဲ စက်ဘီးကိုရပ်ထားခဲ့သည်။ ဓာတ်လှေကားနဲ့အပေါ်ကိုတက်ရမှာမို့ ဝဠာရပ်စောင့်နေလိုက်သည်။ ဓာတ်လှေကားပွင့်လာသည်နှင့် ဝဠာလည်းအထဲကိုဝင်လိုက်သည်။ ၂ထပ်မြောက်ကိုနှိပ်လိုက်ပြီး အပေါ်တက်ဖို့ပြင်သည်။

"ဟေ့ ခဏလေး.."

ပိတ်ခါနီးမှ လက်နဲ့ခံကာ အထဲဝင်လာတဲ့လူ၂ယောက်ကြောင့် ဝဠာအံ့သြသွားရသည်။

"တော်သေးတာပေါ့ မာန်ရယ်...
ကျွန်မကစောင့်ရတဲ့အလုပ်ဆိုအရမ်းမုန်းတာ.."

"အင်း.."

ဝဠာကmaskအမဲကိုတပ်ထားသည်မို့ ဒီသာကတော့သိမှာမဟုတ်ပေ။

"ဖေဖေက နေ့လယ်စာအတူစားမယ်ဆိုပြီးပြောထားတာကြာပြီ...
အခုမှပဲအကောင်အထည်ပေါ်တော့တယ်...
ဒါနဲ့ ကိုကြည်သာကိုရော မာန်ပြောထားခဲ့လား.."

"အင်း ပြောခဲ့တယ်..
ကိုကိုကြီးကဆိုင်ကစောင့်နေမယ်တဲ့...
လွှာနဲ့အန်ကယ့်ကိုကြိုခိုင်းလိုက်တာ.."

လွှာ လွှာတဲ့လားဦးမာန်ရယ်....
၁လတောင်မပြည့်သေးတဲ့ ကျွန်တော်တို့ရဲ့ဝေးကွာမှုမှာ ဒီလိုအခေါ်အဝေါ်တွေတောင်ပြောင်းသွားပြီလား...
လက်သီးကိုတင်းတင်းဆုပ်ကာ ဝဠာတောင့်တောင့်ကြီးရပ်နေသည်။ အကြည့်တွေက ဒီသာ့ဆီမှာ...

"သြော်.....
ကျွန်မအထင်ဆို ကျွန်မတို့၂ယောက်မင်္ဂလာပွဲအတွက်စကားပြောကြမယ်ထင်တယ်..."

"ဟုတ်လား.."

'ဟုတ်လား´ ဟုတ်လား အဲ့လိုမဟုတ်ဘူးလေ..
ဦးမာန်ဘက်ကငြင်းရမှာမဟုတ်ဘူးလား...
ကျွန်တော့်ကိုကတိပေးထားတယ်မဟုတ်ဘူးလား...
ဒီမင်္ဂလာပွဲကိုဦးမာန်လက်ခံလို့မဖြစ်ဘူးလေ..

ဝဠာတွေးနေရင်း ဓာတ်လှေကားပွင့်သွားသည်။ 

"ဟိတ် မဆင်းဘူးလား.."

မြှားနတ်မောင် ကျီစယ်တာလား (completed)Hikayelerin yaşadığı yer. Şimdi keşfedin