"မုန်းလိုက်တာ ဟွန်း.."လွန်းအိမ် စာကြည့်နေရင်း စာအုပ်ပေါ်မှာမြင်နေရတဲ့ဟိုလူကြီးရဲ့မျက်နှာကြောင့် စာအုပ်ကိုအမြန်ပိတ်လိုက်သည်။ ဘေးမှာချထားတဲ့ဖုန်းကိုဖွင့်ကြည့်လိုက်တော့လည်း missed callsပေါင်းများစွာနဲ့ ပို့ထားတဲ့messagesများကိုတွေ့ရသည်။
📩 ဖုန်းမကိုင်တော့ဘူးလား 📩
📩 ကိုယ့်ကိုစိတ်ဆိုးနေတာလား
ခဏလေးပဲ ဖုန်းကိုင်ပါကွာ 📩📩 ကလေး ဖုန်းမကိုင်ရင် ကိုယ်ကလေးအိမ်ထိ လိုက်လာမှာနော်📩
📩 စာလည်းမပြန်ဘူးပေါ့လေ
ရတယ် ကိုယ်အခုလာခဲ့မယ် 📩📩 တကယ်ပဲဖုန်းမကိုင်ဘူးပေါ့လေ
စာလည်းမပြန်ဘူးပေါ့
ရတယ် ကိုယ်အခုလာနေပြီ 📩စာတွေဖတ်ပြီး လွန်းအိမ်နှာခေါင်းရှုံ့လိုက်သည်။
"ဒီလောက်လေးနဲ့စိတ်ဆိုးပြေစရာလား ဟွန်း.."
သူများရဲ့first kissကိုယူသွားတဲ့လူကြီး မုန်းလိုက်တာ..
"တောက်!.."
"အံမယ်လေး! လန့်လိုက်တာ.."
လွန်းအိမ်တွေးနေရင်း 'တောက်!´ ဟုသော မှန်ကိုတစ်ခုခုနဲ့ပစ်ပေါက်လာတဲ့အသံကိုကြားရသည်။ ဘယ်သာက လက်ကမြင်းပြီး ပစ်နေတာလဲမသိဘူး..
ထိုအချိန် မက်ဆေ့ခ်ျဝင်လာတဲ့အသံကိုကြားတာကြောင့် လွန်းအိမ်လည်း ဖုန်းကိုယူကြည့်လိုက်သည်။
📩 ကိုယ် ကလေးတို့အိမ်ရှေ့ရောက်နေပြီ 📩
မြင်လိုက်ရတဲ့စာကြောင့် လွန်းအိမ်မျက်လုံးပြူးသွားရသည်။ ဒီလူ ဘာအရူးလာထတာလဲမသိဘူး..
📩 ပြတင်းပေါက်လေးဖွင့်ပေးပါဦး
ကိုယ် ကလေးမျက်နှာလေးကိုမမြင်ရတာ ၂ရက်ရှိနေပြီလေ Please! 📩လွန်းအိမ်လည်း ပြတင်းပေါက်ကိုဖွင့်ပြီး ကြည့်လိုက်တော့ ဓနက လက်ပြလေသည်။ ထို့နောက် ဖုန်းကိုပြပြီး ကိုင်ပေးဖို့ပြောနေသည်။ လွန်းအိမ်လည်း ဓနဖြစ်စေချင်တဲ့အတိုင်း ဖုန်းကိုင်လိုက်တော့..
"Hello! ကလေး ကလေးကိုယ့်ဖုန်းကိုကိုင်ပြီနော်..."
"ဘာပြောမလို့လဲ? မြန်မြန်ပြော ကျွန်တော်စာကျက်ရဦးမှာ.."
ВЫ ЧИТАЕТЕ
မြှားနတ်မောင် ကျီစယ်တာလား (completed)
Любовные романыမင်းနဲ့ငါ အခုလိုဆုံတွေ့ရတာ... မြှားနတ်မောင်က ကျီစယ်သွားတာလား 🏹