Part-28(Uni)

4.8K 407 20
                                    


   ဒီသာ မနက်နိုးလာတော့ ဝဠာကသူ့ဘေးမှာမရှိတော့။ အမြန်ကုန်းထလိုက်ပြီး မျက်နှာသစ်ကာ အပြင်ကိုထွက်လာခဲ့သည်။

"ဦးမာန်နိုးလာပြီလား...
ကျွန်တော်ထမင်းကြော်ကြော်ထားတယ်..."

"ဟုတ်လား.."

"အင်း လာလေ..."

ဒဏ်ရာတွေနဲ့ဘယ်လိုများကြော်လိုက်တာလဲဆိုပြီး ဒီသာမမေးချင်တော့။ ပြုံးပြနေတဲ့ဝဠာ့မျက်နှာလေးကိုကြည့်ပြီး သူစိတ်တွေတင်းထားလိုက်သည်။
ဘာအပြစ်မှလည်းမရှိဘဲ သူဘယ်လိုလမ်းခွဲစကားပြောရမှာလဲ?..

"ဦးမာန် ကျွန်တော်တို့ဒီနေ့ဘုရားသွားကြမလား...
အပြန်ကြရုပ်ရှင်ဝင်ကြည့်မယ်လေ.."

"အင်း မင်းသဘောလေ.."

"အင်းအင်း.."

ဝဠာကပြုံးပြီးပြောနေပေမယ့်လည်း ပြန်မပြုံးနိုင်သူက ဒီသာပင်။ ဒီနေ့တော့ ဝဠာဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့သူဆုံးဖြတ်ထားပြီးဖြစ်သည်။

မနက်စာစားပြီးတာနဲ့ အဝတ်အစားလဲကာ ဒီသာတို့ထွက်လာခဲ့ကြသည်။ ဘုရားရောက်သည်နှင့် ၂ဦးစလုံးပန်းလှူကာ ဘုရားရှိခိုးဖြစ်သည်။

"ဝဠာပြီးပြီလား..."

"အင်း.."

"ဘာတွေဆုတောင်းနေတာလဲ?..."

"ကျွန်တော်တို့မဝေးရပါစေနဲ့လို့...

ဝဠာကဘာရယ်မဟုတ်ပြောလိုက်ပေမယ့် ဒီသာကတော့ ထိုနေရာမှာတင်ထဖို့မေ့နေသည်။

"အဲ့ဆုတောင်းက ကျွန်တော်အပြည့်ချင်ဆုံးဆုတောင်းပဲ..
ဦးမာန် သွားမယ်လေ.."

သူဖြစ်နေတာတွေကို ဝဠာကသိသည့်အလား သူ့ကိုနောက်မှာထားခဲ့ကာ အရှေ့ကသွားလေသည်။ မျက်ရည်တွေကိုအသာသုတ်လိုက်ပြီး ဝဠာ့အနောက်ကနေဖြေးဖြေးသာ လိုက်လာခဲ့သည်။

ရုပ်ရှင်ရုံရောက်တော့လည်း ဝဠာကပဲလက်မှတ်သွားဝယ်သည်။

"ဦးမာန် ဒီမှာပေါက်ပေါက်နဲ့အအေးဘူးလည်းဝယ်လာခဲ့တယ်..."

"အင်း.."

"လာလေ အထဲဝင်မယ်.."

"အင်း.."

မြှားနတ်မောင် ကျီစယ်တာလား (completed)Where stories live. Discover now