Part-19(Uni)

5.1K 417 10
                                    


"မီးငယ် စိတ်ကိုအေးအေးထားပြီးဖြေနော်..."

"ဟုတ်..."

"ဘာမှကြောက်မနေနဲ့ ကိုယ်ဖြေနေကျပဲကို.."

"ဟုတ်..."

"စာအကုန်ရလို့ ရေးပြီးပြီဆိုရင်လည်း ပြန်စစ်ဖို့မမေ့နဲ့နော်..."

"ဟုတ်..."

လွန်းအိမ်တို့ရဲ့စာမေးပွဲနောက်ဆုံးရက်ဖြစ်တာကြောင့် ဒီသာတစ်ယောက်တူမဖြစ်သူကိုတတွတ်တွတ်မှာနေသည်။

"ဦးငယ်ရဲ့တူမလေးကတော်တဲ့သူပဲဟာ အကောင်းဆုံးဖြေဆိုနိုင်လိမ်ာမယ်လို့ ဦးငယ်ယုံတယ်..."

"ဟုတ် ဦးငယ် မီးစာတွေအကုန်ရနေပါပြီ..."

"အင်းအင်း.."

ဒီသာလည်း လွန်းအိမ်ရဲ့ခေါင်းကိုဖွဖွလေးပွတ်ပေးလိုက်ပြီးပြောလိုက်သည်။ လွန်းအိမ်လည်ူ သူ့ဦးငယ်မှာသမျှကိုခေါင်းညိတ်ပြနေပြီး မှာလို့ပြီးမှသာ ကားပေါ်ကဆင်းလိုက်သည်။

လွန်းအိမ်ကားပေါ်မှဆင်းသွားတဲ့အခါမှပဲ ဒီသာတစ်ယောက်ဘေးကိုလှည့်ကြည့်မိသည်။ မျက်နှာကြီးစူပုတ်ပြီး စာအုပ်ကိုပေါက်ထွက်မတတ်ကြည့်နေတဲ့ဝဠာကြောင့် ဒီသာပြုံးမိသည်။ ဝဠာကလှည့်ကြည့်လာပြီး ဒီသာပြုံးနေတာကိုတွေ့တာကြောင့် ကားတံခါးကိုဖွင့်ပြီးဆင်းဖို့ပြင်နေသည်။

"နေပါဦး သွားတော့မလို့လား.."

"အင်း..."

"ဒီဘက်လှည့်ဦး.."

ဝဠာ့မျက်နှာကိုလက်၂ဖက်နဲ့အုပ်ကိုင်ပြီး လှည့်စေလိုက်သည်။

"ကိုယ့်ကောင်လေးက စာတော်တယ်ဆိုတော့ အများကြီးမှာစရာမလိုဘူးလို့ကိုယ်ထင်တယ်...
ဒီနေ့တစ်ရက်ပဲကျန်တော့တယ် ကြိုးစားထား...
ပြီးတဲ့အထိ ကိုယ်ဒီနားကနေစောင့်နေမယ်.."

ဘေးဘီကိုဝေ့ကြည့်ပြီးမှ ဝဠာ့နဖူးလေးကိုအနမ်းပေးလိုက်သည်။

"ဒါကိုယ်ပေးနိုင်တဲ့အားဆေးပဲ..
သွားတော့ မီးငယ်စောင့်နေတယ်...
အကောင်းဆုံးဖြေခဲ့.."

"အင်း.."

ဒီတော့မှ ပြုံးပြလာပြီး ဒီသာ့ကိုနှုတ်ဆက်ကာ ကားပေါ်ကဆင်းသွားလေသည်။
တဖြည်းဖြည်းနဲ့ ဝဠာ့ကိုသူဘယ်လိုထိန်းချုပ်ရမလဲဆိုတာ နားလည်လာသည်။ ဝဠာကသူ့ခံစားချက်ကိုအပြင်ထုတ်မပြတတ်ပေမယ့် ကိုယ့်ဘက်ကနေပဲ မြင်နိုင်အောင်ကြည့်ပေးရမည်လေ။

မြှားနတ်မောင် ကျီစယ်တာလား (completed)Onde histórias criam vida. Descubra agora