Part-3(Uni)

7.9K 617 8
                                    

"မင်္ဂလာပါ အန်ကယ်..."

"အေး မောင်ဒီသာ မတွေ့ရတာကြာပြီနော်..."

"ဟုတ်ကဲ့ အန်ကယ်...
တစ်ခုခုများအဆင်မပြေတာရှိသွားလားဗျ..."

"မဖြစ်ပါဘူး အစစအရာရာအဆင်ပြေပါတယ်.."

"ဟုတ်ကဲ့ အန်ကယ်..."

"မောင်ကြည်သာရေ မင်းညီကတော့အလုပ်လုပ်တဲ့နေရာမှာတော်သလောက် အပြောအဆိုကလည်း တယ်ယဉ်ကျေးတာပဲကွ.."

"ချီးကျူးနေပါပြီ အန်ကယ်ရာ..."

"တကယ်ပြောတာပါ...
အဲ့တာဆို အန်ကယ်သွားဦးမယ်နော်..."

"ဟုတ်ကဲ့ပါ အန်ကယ်..."

နှုတ်ဆက်ပြီးထွက်သွားတဲ့ဦးထွဋ်ခေါင်ကိုကြည့်ပြီး ဒီသာသက်ပြင်းချမိသည်။ ဦးထွဋ်ခေါင်ဆိုတာက ဒီနိုင်ငံရဲ့အချမ်းသာဆုံးစာရင်းဝင်သူဋ္ဌေးတစ်ယောက်ဖြစ်သည်။ လုပ်ငန်းပေါင်းများစွာရှိပြီး စိန်ဆိုင်များစွာကိုလည်း ပိုင်ဆိုင်ထားသည်။

အခုလည်း ကိုကိုကြီးတို့companyအစည်းအဝေးရှိတာမို့ ရှယ်ယာဝင်ဖြစ်တဲ့ အန်ကယ်ဦးထွဋ်ခေါင်လည်း တက်ရောက်ခြင်းဖြစ်သည်။ ဒီသာရဲ့hotel မှာပဲ လုပ်ဖြစ်တာမို့ ဒီသာလည်း အစည်းအဝေးပြီးတဲ့အခါ ရှယ်ယာဝင်လူကြီးတွေကို နှုတ်ဆက်နေသည်။

"ကဲ ဒီသာ ကိုကိုကြီးလည်းပြန်ဦးမယ်...
ဒီတစ်ပတ်ပိတ်ရက် မေမေက အိမ်လာခဲ့ပါဦးတဲ့...
ထမင်းအတူစားချင်လို့တဲ့လေ လာခဲ့ဦး.."

"ဟုတ်ကဲ့ ကိုကိုကြီး...
ကျွန်တော်လာခဲ့ပါ့မယ်..."

"အေးအေး အဲ့တာဆိုကိုကိုကြီးသွားပြီနော်..."

"ဟုတ်..."

ဒီသာလည်း ကိုကိုကြီးကို ကားထိလိုက်ပို့ပေးလိုက်ပြီး အခန်းထဲဝင်ကာ ပြန်နားလိုက်သည်။ အိမ်ကိုမပြန်ဖြစ်တာလည်း ကြာပြီဆိုတော့ ဒီတစ်ပတ်ပိတ်ရက်တော့ အိမ်ပြန်မယ်လို့စဉ်းစားထားသည်။ ငယ်ငယ်ကတည်းက ဒီသာက တစ်ယောက်တည်းသီးသန့်နေတတ်တာကြောင့် သူ၏ဖေဖေရှိစဉ်ကတည်းက အခုနေတဲ့အိမ်ကိုဝယ်ခိုင်းလိုက်ခြင်းဖြစ်သည်။ သူ၏မေမေကတော့ တစ်ယောက်တည်းနေဖို့ စိတ်မချတာကြောင့် ဆွေမျိုးတော်စပ်တဲ့ ကြီးမေနဲ့ဦးမောင်ကို ကျွန်တော်နဲ့အတူထားပေးသည်။ ကြီးမေနဲ့ဦးမောင် မောင်နှမကတော့ တခါတလေရွာပြန်တတ်ပေမယ့် ဒီသာနဲ့အတူနေပေးသည်။

မြှားနတ်မောင် ကျီစယ်တာလား (completed)Donde viven las historias. Descúbrelo ahora