Part-16(Uni)

5K 412 4
                                    


Du~~~Du~~~~Du~~~~

"လွန်းအိမ်ဖူးမာန် နင့်ဖုန်းလာနေတယ်..."

"ဟင် ဟုတ်လား.."

ဝဠာပြောမှပဲ လွန်းအိမ်လည်း အိတ်ကိုဖွင့်ပြီး ဖုန်းကိုထုတ်လိုက်သည်။
ဟုတ်တာပေါ့ သူ့ဖုန်းလာနေတာပဲ..
contact nameမှာ 💙U Da Na💙 ဆိုတာကြောင့် လွန်းအိမ်မှာ ဖုန်းကိုင်ဖို့ရာ ဝဠာ့ကိုတစ်ချက်လှည့်ကြည့်ရသေးသည်။
မကြည့်လို့လည်းမရဘူးလေ ဝဠာက ဦးငယ်နဲ့အတူတူနေတဲ့သူမဟုတ်ပါလား..
သူပြန်ပြောရင် ဦးငယ်ကသိပြီး ဆူမှာလည်းစိုးရိမ်ိသည်။

"ဝဠာ နင်ဆိုင်ကိုသွားမှာမဟုတ်လား...
ငါတို့ဒီနေရာမှာပဲ လမ်းခွဲကြတာပေါ့နော့်...
သွားပြီနော်..."

လက်ကာပြပြီး ဝဠာနဲ့ချက်ချင်းလမ်းခွဲကာ ထွက်သွားတဲ့လွန်းအိမ်ကို ဝဠာအဆုံးထိလိုက်ကြည့်မိသည်။
လွန်းအိမ်ဖူးမာန် ဘာတွေခြေရှုပ်နေလဲမသိဘူး..
ဦးမာန်ကလည်း သူ့တူမကိုကြည့်ထားပေးဖို့ပြောထားသည်မို့ ဝဠာလည်း လွန်းအိမ်အနောက်ကလိုက်သွားလိုက်သည်။

ကျောင်းရှေ့ရောက်တော့ လွန်းအိမ်က ကားတစ်စီးပေါ်ကိုတက်သွားသည်မို့တွေ့ရသည်။ လွန်းအိမ်ကိုကားတံခါးဖွင့်ပေးတဲ့လူကို သူမြင်ဖူးသိလိုရှိပေမယ့် အဝေးကဆိုတော့ သေချာမမြင်ရပေ။ သာမာန်မဟုတ်တာတော့ သူသိနေသည်။

ဒီကိစ္စကို သူ ဦးမာန်ကိုပြန်ပြောသင့်လား...
ဒါက လွန်းအိမ်ဖူးမာန်ရဲ့လွတ်လပ်ခွင့်ပဲမို့ ဒီလိုကိစ္စတွေထိ ဝင်မစွက်ဖွက်သင့်ဘူးလို့ထင်သည်။

ဒီရက်တောတွင်း ဦးမာန်ကသူ့ကိုရှောင်နေသလိုခံစားနေရတာကြောင့် ဝဠာမှာလည်းစိတ်မကြည်ပေ။ အကြောင်းအရင်းခိုင်ခိုင်မာမာမရှိပဲနဲ့ ဦးမာန်က သူ့ကိုရှောင်နေတော့ ဝဠာအတွေးတွေနယ်ချဲ့မိသည်။ တည့်တိုးလည်းမမေးချင်တာကြောင့် သူ့ဘက်ကနေလည်း ဦးမာန်နဲ့ခပ်ခွာခွာနေခဲ့သည်။

သူ့အကြောင်းတွေကိုသိသွားလို့များလားဆိုပြီးတော့လည်း စိတ်ပူမိသည်။ အတွေးများစွာနဲ့ပဲ ဝဠာဟာ ဆိုင်ကိုရောက်သွားခဲ့သည်။ အမြဲမျက်နှာထားတည်တည်နေတတ်တဲ့ဝဠာဟာ အခုချိန်မှာ ပိုပြီးတင်းမာနေတာကို ကိုဖြိုးရော ဝတီပါသတိထားမိသည်။ ဝဠာဆိုင်ထဲကိုစဝင်လာတဲ့အချိန်ကစပြီး မိနစ်ပိုင်းကြာသည်အထိ ဝတီရောကိုဖြိုးပါ ၂ယောက်လုံးစကားမစရဲကြ။

မြှားနတ်မောင် ကျီစယ်တာလား (completed)Donde viven las historias. Descúbrelo ahora