Part-9(Uni)

5.4K 454 14
                                    

"ဒီသာဦးမာန် ခင်ဗျားအလုပ်မသွားဘူးလား.."

"ဒီနေ့ ငါ့အားရက်လေ.."

"အဲ့တာဆို ဘာလို့ကျွန်တော့်ကိုလာဖို့ခေါ်တာလဲ?..."

"ဒီလိုပါပဲ အိမ်မှာငါတစ်ယောက်တည်းပျင်းလို့..
မင်းလည်း တစ်ယောက်တည်းနေနေတာမပျင်းဘူးလား.."

"မပျင်းဘူး ကျွန်တော့်နားရက်မှာ ကျွန်တော်ကောင်းကောင်းအိပ်ချင်တယ်.."

"အိပ်လေ အိပ်ပေါ့...
ငါ့အိမ်က အကျယ်ကြီး မင်းကြိုက်တဲ့နေရာသွားအိပ်.."

"ကျစ် ခင်ဗျားနဲ့တော့..
အလုပ်မရှိရင်လည်း ပြန်တော့မယ်.."

ဝဠာလည်း ထိုင်ရာကနေထလိုက်ပြီး ပြန်ဖို့ပြင်လိုက်သည်။

"ဟာ ဘယ်လိုဖြစ်နေတာလဲ?..
အိမ်ပဲပြန်ရမှာပေါ့ ဒီမှာငါတစ်ယောက်တည်းဖြစ်နေလို့ပါဆိုနေမှ.."

"ကြီးမေတို့ရှိနေတာပဲကို.."

"မရှိဘူး ရွာပြန်သွားတယ် ၁လလောက်ကြာမယ်တဲ့..
အဲ့တာကြောင့် အိမ်မှာ ငါတစ်ယောက်ဖြစ်နေတာ.."

"တစ်ယောက်တည်းဖြစ်နေတယ်ဆို လွန်းအိမ်ဖူးမာန်ကိုခေါ်ထားလေ.."

"ကျစ် မင်းဘယ်လိုဖြစ်နေတာလဲ?...
မင်းက ငါ့လက်ထောက်နော် ငါနဲ့တချိန်လုံးရှိနေပေးရမှာ.."

"အဲ့တာက ခင်ဗျားအလုပ်ရှိတဲ့အချိန်လေ.."

"အခုလည်း အလုပ်ချိန်ပဲလေ...
ငါမင်းကိုလစာအမျာျးြားကြီးပေးထားတာနော်.."

"ဟူး......."

ဝဠာလည်း ပြန်ထိုင်လိုက်ပြီး ဆိုဖာမှာမှီနေလိုက်သည်။ ဒီသာကတော့ TVကိုဖွင့်ထားပြီးကြည့်နေသည်။ ဝဠာကတော့ စိတ်မပါစွာနဲ့ TVကိုကြည့်နေသည်။

"ခင်ဗျား လွန်မလာနဲ့နော်.."

"ဘာလုပ်လို့လဲ?.."

"ခင်ဗျား ခြေထောက်ကဘာလို့ကျွန်တော့်ပေါင်ပေါ်လာတင်ထားတာလဲ?.."

"ဒါက ညောင်းလို့လေ.."

"ညောင်းတိုင်းတင်စရာလားဗျ..
အခုဖယ်ပေး.."

"ငါကမင်းထက်ကြီးတယ် အဲ့တော့တင်လို့ရတယ်.."

"ခင်ဗျား ဟင်း....
ခင်ဗျားနဲ့ဘာမှမပြောချင်တော့ဘူး..."

မြှားနတ်မောင် ကျီစယ်တာလား (completed)Where stories live. Discover now