Part-31(Uni)

5.3K 410 24
                                    


"ဝဠာ ဦးငယ်သန်ဘက်ခါကျရင်စေ့စပ်တော့မယ်.."

မနက်က လွန်းအိမ်လာပြောသွားတဲ့စကားများကို ဝဠာပြန်ကြားယောင်မိသည်။ သူရင်တွေအရမ်းလှုပ်ရှားနေသည်။ ဘာလုပ်လို့လုပ်ရမလဲမသိ။ အခုချိန်မှာဆုံးဖြတ်တစ်ခုကိုချလိုက်ရင် လောလောနဲ့မို့တခုခုမှားယွင်းနိုင်သည်။

"ဟူး........"

သက်ပြင်းအကြိမ်အခါခါချရင်း ဝဠာစိတ်ကိုငြိမ်အောင်ထားနေရသည်။ သူ့ကို ဘာမှမပြောတဲ့ဦးမာန်ကိုလည်းစိတ်ဆိုးသည်။

"သက်ပြင်းတွေချလှချည်လား.."

အသံကြားလို့မော့ကြည့်လိုက်တော့ မြင်လိုက်ရတဲ့လူကြောင့် ဝဠာမျက်နှာပိုတင်းသွားသည်။

"ဒီသာဦးမာန်အကြောင်းကို ငါလည်းကြားပါတယ်...
သန်ဘက်ခါ စေ့စပ်ပွဲဆို..."

"ခင်ဗျားနဲ့မဆိုင်ပါဘူး.."

"ဟက်! အခုကိစ္စကကိုယ်နဲ့မဆိုင်ဘူးဆိုမင်းယုံမလား..."

"ကျွန်တော်သိတယ် ခင်ဗျားနဲ့မဆိုင်မှန်း.."

"အခု လွန်းအိမ်ကကိုယ့်ကိုစိတ်ဆိုးနေတယ်..
မင်းတို့ကိစ္စနဲ့ပတ်သတ်ပြီးတော့.."

"သြော်..."

ထင်တော့ထင်သား ဓနအုပ်စိုးကသူ့ဆီအကြောင်းမရှိဘဲမလာဘူးလို့...

"မနက်ကတောင် လွန်းအိမ်ဖူးမာန်ရောက်လာသေးတယ်.."

"ဟုတ်လား ကိုယ်သူနဲ့မတွေ့တာ၃ရက်လောက်ရှိပြီ...
လွန်းအိမ်နဲ့စတွေ့တုန်းက ဒီသာဦးမာန်ရဲ့တူမဆိုတာကိုယ်မသိခဲ့ဘူး..
နောက်စုံစမ်းကြည့်မှသိလိုက်ရတာ..."

"သြော်..."

ဦးဓနကလွန်းအိမ်ကို တကယ်ချစ်မှန်း သူလည်းသိသည်။ ဦးမာန်နဲ့အဆင်မပြေတာကြောင့် သူပါ ဦးဓနကိုကြည့်မရဖြစ်နေခြင်းဖြစ်သည်။

"ကိုယ့်အကူအညီလိုလည်းပြောပေါ့...
ကိုယ်ကူညီပေးနိုင်တာဆို ကူညီပေးမှာပါ.."

"အင်း ကျေးဇူးပါ.."

"ကဲ ကိုယ်ပြန်တော့မယ်...
ဒါ ကိုယ့်ကဒ် အကူအညီလိုရင်ဖုန်းဆက်လိုက်.."

မြှားနတ်မောင် ကျီစယ်တာလား (completed)Donde viven las historias. Descúbrelo ahora