Part-11(Uni)

6K 456 9
                                    

    လမင်းကြီးရှိရာကို ကျွန်တော်မော့ကြည့်နေမိသည်။ လရောင်ရဲ့အေးချမ်းမှုကြောင့် ကျွန်တော့်စိတ်ထဲအေးချမ်းမိတာတော့အမှန်ပင်။ လမင်းကြီးရဲ့ဘေးမှာလည်း ကြယ်ကလေးတွေက ဝန်းရံထားသည်။ ကျွန်တော်လည်း သာယာလွန်းတဲ့ကောင်းကင်ကြီးကိုမော့ကြည့်နေလိုက်သည်။ ကြည့်နေရင်း လမင်းကြီးက ကျွန်တော်နဲ့နီးကပ်လာသည်ဟုခံစားနေရသည်။

ဟင်! လမင်းကြီးက ကျွန်တော့်ကိုပြုံးပြနေသည်လား။ နီးကပ်လာပြီ..လမင်းကြီးက ကျွန်တော့်နားကိုပိုပြီးနီးကပ်စွာရောက်လာပြီ။ ကျွန်တော့်နားရောက်တာနဲ့ လမင်းကြီးကလက်၂ဖက်ကိုဆန့်တန်းလာသည်။ တဖြည်းဖြည်းနီးကပ်လာကာ လမင်းကြီးက ကျွန်တော့်ကိုဖက်လာသည်။

အခု ကျွန်တော်လမင်းကြီးရဲ့ရင်ခွင်ထဲရောက်နေတာလား။ လမင်းကြီးကိုမော့ကြည့်ခဲ့စဉ်အခါက အေးချမ်းသလောက် လမင်းကြီးရဲ့ရင်ခွင်ထဲရောက်တဲ့အခုမှာတော့ အရမ်းကိုနွေးထွေးလွန်းသည်။ လမင်းကြီးရဲ့ရင်ခွင်ကနွေးထွေးလွန်းတော့ ထိုရင်ခွင်ထဲမှာ ကျွန်တော်တစ်ယောက်တည်း နေချင်မိသည်အထိပင်။ တဖြည်းဖြည်း တင်းတင်းကြပ်ကြပ်ဖက်ထားသလိုခံစားရတာကြောင့် နည်းနည်းလှုပ်လိုက်သည်။

"အင်း...ကြပ်တယ် မဖက်နဲ့..."

တင်းကြပ်စွာအဖက်ခံထားရတာကြောင့် ဒီသာလည်း ကိုယ်ကိုရုန်းလိုက်သည်။ မျက်လုံးကိုဖွင့်လိုက်တော့ မြင်နေရတာ ကြယ်စေ့ပြုတ်နေတဲ့ ရင်ဘက်ဖြစ်သည်။
ငါ အခုဘယ်ရောက်နေတာလဲ?...

ဒီသာလည်း အပေါ်ကိုမော့ကြည့်လိုက်တော့ မြင်လိုက်ရတာက အိပ်ပျော်နေတဲ့ဝဠာဖြစ်သည်။ အဲ့တာဆို သူ အခု ဝဠာ့ရင်ခွင်ထဲရောက်နေတာလား...

ဝဠာ့ရင်ခွင်ထဲရောက်နေပြီဆိုတာ သိလိုက်ရပြီ ဒီသာလည်း ကိုယ်ကိုရုန်းလိုက်ကာ အမြန်ထထိုင်လိုက်သည်။
ညက သူတို့အေးလို့ တစ်ယောက်နဲ့တစ်ယောက် ဖက်ထားမိသွားတာလား...

သူသာထထိုင်နေပေမယ့် ဝဠာကတော့ အိပ်ပျော်နေဆဲပင်။ ဒီသာလည်း ခေါင်းကိုသာကုတ်လိုက်ပြီး ဝဠာကိုကြည့်နေလိုက်သည်။

"အင်း...."

ဒီသာကြည့်နေရင်း ဝဠာက အကြောဆန့်ကာ ထလာသည်။

မြှားနတ်မောင် ကျီစယ်တာလား (completed)Where stories live. Discover now