Part-18(Uni)

5.4K 429 9
                                    


"ဝုန်း! ဒုန်း!..."

ဝဠာအိမ်အပြင်ကိုထွက်ပြင်လာရင်း ခြံတံခါးကိုတွန်းဖွင့်နေတဲ့အသံကိုကြားရသည်မို့ အမြန်လျှောက်လာလိုက်သည်။ ခြံရှေ့မှာမြင်လိုက်ရတဲ့လူတစ်ယောက်ကြောင့် ဝဠာ့ခြေလှမ်းတွေရပ်တန့်သွားသည်။

"ဦးမာန်..."

ခြံတံခါးကိုကပ်ရပ်မှီထားတာကြောင့် ဝဠာခေါ်လိုက်တဲ့အခါမှ ဝဠာ့ကိုလှည့်ကြည့်လာသည်။ ရီဝေဝေမျက်လုံးများဖြင့်ပြန်ကြည့်လာတဲ့ဦးမာန်က အရက်မူးလာသည်ဆိုတာကို သူသိသည်။
အသဲထပ်ကွဲလာပြန်ပြီလားမသိဘူး...

ဝဠာလည်း ခြံတံခါးကိုအမြန်သွားဖွင့်ပေးလိုက်တော့ ဦးမာန်ရဲ့ကိုယ်က သူ့ဆီကိုမှီချလာသည်။

"ဘာဖြစ်လာတာလဲ? ဦးမာန်..."

"အဆင်မပြေဘူး ငါလုံးဝအဆင်မပြေဘူး ဝဠာ..."

"ကျစ်....အိမ်ထဲကိုအရင်ဝင်လိုက်...."

ခြံတံခါးကိုပြန်ပိတ်ပြီး ဒီသာ့ကိုယ်လုံးကိုတွဲကာ ဧည့်ခန်းထဲကိုခေါ်လာသည်။ ထိုင်ခုံပေါ်မှာ ထိုင်ခိုင်းလိုက်ပေမယ့်လည်း ဒီသာကတော့သေချာမထိုင်ဘဲ ဝဠာ့ပခုံးကိုဖက်ထားသည်။

"လွှတ်ပေးဦးလေ ခင်ဗျားအမူးပြေအောင်သံပုရာရည်ဖျော်ပေးမယ်.."

"မဖျော်နဲ့ ငါမသောက်ဘူး...
ငါမင်းကိုပြောစရာရှိလို့လာခဲ့တာ..."

"ပြောစရာရှိရင်ပြောလေ ပခုံးကိုအတင်းမဖက်ထားနဲ့.."

ပြောလိုက်တော့မှ ဒီသာကလွှတ်ပေးလာပြီး ဝဠာ့ကိုတည့်တည့်ကြည့်လာသည်။

"ငါ့ရင်ဘက်ထဲကနာတယ် ဒီနေရာကအရမ်းနာနေတယ်..."

ဘယ်ဘက်ရင်အုံကိုလက်နဲ့ပုတ်ပြီးပြောလာတဲ့ဒီသာကြောင့် ဝဠာမျက်နှာပျက်သွားသည်။
ဦးမာန်က သူ့အချစ်ဦးကို အရမ်းချစ်တာပဲ...

"ဝဠာ ငါကမင်းချစ်နေတယ်ဆို မင်းစိတ်ဆိုးမှာလား..."

"ဟမ်!..."

"ငါသိတယ် မင်းအံ့သြသွားမယ်ဆိုတာ...
ငါ့ကိုမမုန်းပါနဲ့ ငါမင်းကိုမချစ်မိအောင်အမျိုးမျိုးကြိုးစားခဲ့ပါတယ် ဒါပေမယ့် ဒီနေရာကမင်းမှမင်းဖြစ်နေတာ ငါဘယ်လိုလုပ်ရမလဲ? ရွှတ်....."

မြှားနတ်မောင် ကျီစယ်တာလား (completed)Opowieści tętniące życiem. Odkryj je teraz