Part-24(Uni)

5K 406 9
                                    


"မာန် hotelရောက်ပြီလေ ဘာတွေအတွေးလွန်နေတာလဲ?.."

ဒီသာအတွေးလွန်နေတာ hotelကိုဘယ်လိုရောက်လာလဲဆိုတာတောင်မမှတ်မိတော့။ မနက်ကလည်း ဝဠာက ကားနားထိသာလိုက်ပို့တာ စကားတစ်ခွန်းမှမပြောတာကြောင့် ဒီသာလာသာလာရတာ စိတ်မဖြောင့်။ သူ့ကိုစိချစေရန်ကားမောင်းပေးဖို့အတွက် နေယံကိုတောင်ခေါ်လာခဲ့တာပင်။

"အင်း နေယံအခန်းသော့သွားယူပေးပါဦး.."

"ဟုတ်ကဲ့ Boss.."

နေယံကိုအခန်းသောာသွားယူခိုင်းလိုက်ပြီး ကားနားမှာပဲရပ်စောင့်နေလိုက်သည်။

"မာန် တစ်ခုခုအဆင်မပြေလို့လား...
ကျွန်မကိုအခုလိုလိုက်ပို့ပေးရတာအဆင်မပြေလို့လား..."

"မဟုတ်ပါဘူး ဒီလိုပဲတွေးစရာရှိနေလို့ပါ..."

"သြော် ညနေကျ ကျွန်မညစာလိုက်ကျွေးပါရစေ မာန်အားတယ်မလား..."

"အားပါတယ်..."

"Boss ဒီမှာ သော့ရပြီ.."

နေယံကသော့ပေးလာတာမို့ ဒီသာလည်းဝင့်လွှာဆီကိုအခန်းသော့တစ်ချောင်းပေးလိုက်သည်။ ဝင့်လွှာနဲ့သူမရဲ့အမျိုးသမီးအဖော်က အခန်းရှိရာကိုသွားကြပြီး ဒီသာကတော့ အားမပါစွာ လျှောက်လာသည်။

"ဦးငယ် ဦးငယ်!..."

မီးငယ်ရဲ့ခေါ်သံကိုကြားတာမို့ လှည့်ကြည့်လိုက်တော့ ဒီသာ့နားရောက်မှရပ်လိုက်တဲ့ကားတစ်စီး...

"ဦးငယ် ဟီးဟီး မီးတို့ချောင်းသာလာချင်တာနဲ့လိုက်လာခဲ့တာ..."

မီးငယ်က ကားပေါ်ကဆင်းလာကာ ဒီသာ့အနားကိုပြေးကပ်လာသည်။ မီးငယ်ကားပေါ်မှဆင်းလာပြီးမှ ဆင်းလာသည်က ဝဠာပင်။ သူ့ကိုသေချာမကြည့်ဘဲ မျက်လုံးက ဟိုကြည့်ဒီကြည့်နှင့်။

"လိုက်ချင်ရင်လည်း ပြောလေ...
ဦးငယ်တစ်ခါတည်းဝင်ကြိုပေးမှာပေါ့.."

"Noပါ ဦးငယ်တို့ကားက၄ယောက်ပဲဆံ့တာကို မီးကဘယ်လိုလိုက်ရမှာလဲ?..
အဲ့တော့ဝဠာ့ကိုအကူအညီတောင်းပြီး လိုက်လာခဲ့တာ.."

"မီးငယ်ကတော့နော် လုပ်ချင်ရာကိုအမြဲဇွတ်လုပ်တယ်..."

"ဦးငယ်ကလည်းလာပါ မီးအတွက်အခန်းတစ်ခန်းလိုက်ယူပေး...
ဝဠာကတော့ ဦးငယ်နဲ့နေပေါ့ နော့်..."

မြှားနတ်မောင် ကျီစယ်တာလား (completed)Opowieści tętniące życiem. Odkryj je teraz