Part-35(Uni)(Final)

13.7K 583 40
                                    


    ထိန်ထိန်သာနေတဲ့လရောက်အောက်မှာ ပြတင်းပေါက်ကိုဖွင့်ထားကာ အိပ်မပျော်သေးတဲ့လူ၂ယောက်။

"ဦးမာန် အဆင်ပြေလား.."

"အင်း.."

ကျောပေးထားတဲ့ဦးမာန်လက်မောင်းကိုအသာကိုင်ရင်းဝဠာမေးလာသည်။

"အဲ့တာဆို..."

နားနားကပ်ပြီးပြောလာတဲ့ ဝဠာ့စကားကြောင့် ဒီသာခေါင်းခါလိုက်သည်။

"တော်တော့ မရဘူး..."

"ဦးမာန်ကလည်း.."

"မနက်ဖြန် hotelသွားရမှာ မရဘူး.."

"ဒီတစ်ခါ နောက်ဆုံးပဲ တကယ်.."

"မရဘူး နောက်ဆုံး နောက်ဆုံးနဲ့ဘယ်နှခါရှိပြီလဲ?..."

"မမှတ်ထားဘူး...
ဦးမာန်ကလည်း ဒီတစ်ခါတကယ်နောက်ဆုံး...
ကိုကိုကလည်း နော် နော်.."

ဝဠာ့ရဲ့ကိုကိုခေါ်သံအောက် ဒီသာဆက်မငြင်းနိုင်တော့။ တဖန် အစပြန်ချီလာတဲ့ဝဠာကြောင့် ဒီသာအိပ်ချင်နေတဲ့စိတ်တွေတောင်ပျောက်ကွယ်သွားသည်။

"အင်း! အရာတွေမထင်စေနဲ့နော် အာ့!..
ဖြေးဖြေးလုပ်ကွ..."

အရင်ကဝဠာ့ကိုဖြူစင်တဲ့ကောင်လေးလို့သူထင်ခဲ့တာအမှားပဲ။
အဲ့အချိန်ကတည်းကအားတွေစုထားပြီး အခုချိန်မှအတိုးချပြီး အသုံးချနေတာလားလို့တောင် ဒီသာတွေးမိသည်။

"ဟူး..........ဦးမာန်က ကျွန်တော့်ကိုအရမ်းပြုစားတာပဲ.."

အားလုံးပြီးဆုံးသွားချိန်မှာတော့ ဝဠာကဒီသာ့ကိုဖက်ထားပြီး ပြောလာသည်။ အဖက်ခံထားရတဲ့လူကတော့ လှုပ်တောင်မလှုပ်ချင်တော့။

"အစကတော့ မခုတ်တဲ့ကြောင်လေးလိုနဲ့...
မင်းကိုတော့လေ ကိုယ်မထင်ထားဘူး..."

"ဟက်! ဦးမာန်ကလည်း ကျွန်တော်တို့အတူမနေတာကြာပြီလေ..
နေ့တိုင်း ဖေဖေခိုင်းတဲ့အလုပ်ကိစ္စတွေနဲ့ပဲ တနေကုန်ပင်ပန်းနေတာ..."

"အဲ့တာတောင် မင်းကအားရှိသေးတယ်ပေါ့.."

"ဒီလိုပဲပေါ့.."

မျက်နှာကပြုံးစိစပ်ဖြဲနဲ့ပြောနေပုံကတကယ့်ကိုရွံစရာလေး...

Has llegado al final de las partes publicadas.

⏰ Última actualización: Jul 03, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

မြှားနတ်မောင် ကျီစယ်တာလား (completed)Donde viven las historias. Descúbrelo ahora