Part-23(Uni)

4.9K 412 7
                                    


"ဘာတွေကြည့်နေတာလဲ? ကိုယ့်ကိုပြပါဦး.."

တခါတလေတွေ့ရလို့ ကြည်ကြည်နူးနူးနေရမလားမှတ်ပါတယ် ရောက်ကတည်းက စကားတစ်ခွန်းနှစ်ခွန်းပြောပြီး ဖုန်းကိုပဲထိုင်ကြည့်နေတဲ့လွန်းအိမ်ကြောင့် ဓနကပဲလွန်းအိမ်အနားကိုကပ်ကာမေးလိုက်သည်။

"ဟိုနေ့ကရိုက်ထားတဲ့ပုံလေးတွေကိုပြန်ကြည့်နေတာပါ.."

"ဟုတ်လား ဘယ်သူတွေနဲ့ရိုက်ထားတာလဲ?.."

"ဦးငယ်တို့နဲ့ပါ..
ဟိုနေ့က မုန့်လိုက်ကျွေးလို့.."

"သြော်....ကိုယ့်ကိုလည်းပြပါဦး..."

"အင်း ကြည့်လေ.."

လွန်းအိမ်က သူ့ကိုပြလာသည်မို့ ကြည့်လိုက်တော့ လွန်းအိမ်နဲ့အတူ ဒီသာဦးမာန်အပြင်ဝဠာကိုပါတွေ့ရသည်။ လွန်းအိမ်က သက်သက်ခွဲထိုင်ပြီးဒီသာတို့၂ယောက်က ကပ်ထိုင်နေတာမို့ ဓနစိတ်ထဲတစ်မျိုးထင်သွားသည်။ လွန်းအိမ်ကိုတော့မပြောဘဲ သူကြည့်နေတဲ့ပုံတွေကိုသာ ကြည့်နေလိုက်သည်။

"ဟီး ချစ်စရာလေး.."

"ဘယ်သူလဲ? ကိုယ့်ကိုလား.."

"ဖြစ်စရာလား.."

ချက်ချင်းတုံ့ပြန်လာတဲ့လွန်းအိမ်ကြောင့် ဓနမျက်နှာစူပုတ်သွားသည်။

"ဦးငယ်တို့ကိုပြောတာ ချစ်ဖို့ကောင်းလိုက်တာ.."

"ကိုယ်ကြည့်နေတာ ချစ်ဖို့လည်းမကောင်းဘဲနဲ့..."

"ဘာလို့ချစ်ဖို့မကောင်းရမှာလဲ?...
ဒီမှာတွေ့လား ဝဠာကဦးငယ်လက်ကိုင်ထားတာ...
တကယ်ချစ်ဖို့ကောင်းတယ်..."

"သူတို့လက်ကိုင်ထားတာဘာဆန်းတဲ့ကိစ္စမို့လို့.."

ဓနလည်း မသိချင်ယောင်ဆောင်ကာ အစ်အောက်ပြီးမေးလိုက်သည်။

"လက်ကိုင်တာမဆန်းပေမယ့် ဦးငယ်တို့ချစ်သူတွေလေ အယ်.....
ထွက်မိသွားပြီ ဦးငယ်ကအခြားသူတွေကိုမပြောပါနဲ့ဦးဆိုတာကို..."

ကြားချင်တဲ့အဖြေကိုကြားလိုက်ရတာမို့ ဓနမျက်နှာပြုံးသွားသည်။ လွန်းအိမ်ဖူးမာန်ဆိုတာ တကယ့်ကိုကလေးလေးလိုပဲ ဘာကိုမှဖုံးကွယ်မထားတတ်တာ...

မြှားနတ်မောင် ကျီစယ်တာလား (completed)Onde histórias criam vida. Descubra agora