"ဝါး...ညကျ နည်းနည်းများသွားတယ်ထင်တယ်.."
"မများပါဘူး ၄ဘူးထဲကို.."
"အဟက် ဒါနည်းသေးတာ.."
ဝဠာရဲ့စကားကြောင့် ဒီသာလည်းရယ်လိုက်ပြီး တမင်ရွဲ့ပြောလိုက်သည်။ ဝဠာကတော့ ဒီသာကိုကြည့်ပြီး ခေါင်းသာခါနေမိသည်။
"ညနေကျမှတွေ့တာပေါ့.."
"အင်း.."
ကားပါကင်မှာ ကားရပ်ပြီးတာနဲ့ ဒီသာကစကားဆိုလာသည်။ ဒီနေ့မနက်ကစပြီး ဝဠာက သူ့ရဲ့အလုပ်မှာလုပ်ဖို့ သဘောတူလိုက်ပြီးဖြစ်သည်။
"ကျောင်းကိုသွားလို့အဆင်ပြေလား...
ငါ့ကားယူသွားမလား..""ရတယ် busစီးသွားလိုက်မယ်.."
"ပြီးရောလေ...
သြော် မီးငယ်ကိုလည်းစောင့်ရှောက်ပေးပါဦးနော်..""အင်း.."
ပြောပြီးတာနဲ့ ဒီသာက hotelထဲဝင်သွားပြီး ဝဠာကတော့ busပေါ်တက်ကာ ကျောင်းကိုလာလိုက်သည်။
ကျောင်းရှေ့ရောက်တော့ လွန်းအိမ်နဲ့ဆုံလေသည်။
"ဘယ်လိုလဲ? ဦးငယ်နဲ့အဆင်ပြေတယ်မဟုတ်လား..."
"ဒီလိုပါပဲ..."
"ပြေရင် ပြေတယ်ပေါ့ကွာ..."
ပခုံးကိုလက်သီးနဲ့ထိုးပြီးပြောလာတဲ့လွန်းအိမ်ကိုကြည့်ပြီး တစုံတယောက်ကိုတောင် မျက်လုံးထဲပြန်မြင်လာမိသည်။ အင်းပေါ့လေ တူဝရီးတွေဆိုတော့လေ ဆင်မှာပေါ့။
"မနက်စာသွားစားရအောင် ငါဗိုက်ဆာနေပြီ.."
"သွားမယ်လေ.."
"နင်မနက်စာမစားခဲ့ဘူးလား အရင်ကငါခေါ်ရင်မလိုက်ဘူးငြင်းနေတဲ့လူက.."
"အင်း အိပ်ယာထနောက်ကျသွားလို့.."
"သြော် သွားကြတာပေါ့..
ပြောပြီးတာနဲ့ လွန်းအိမ်နဲ့အတူ ကန်တင်းကိုထွက်လာလိုက်သည်။
မနက်ကအိပ်ယာနောက်ကျတာဆိုတာထက် ညက မူးပြီးရစ်တဲ့လူကြောင့် အိပ်ရေးပျက်တာဆို ပိုမှန်သည်။ တညလုံးရစ်ပြီး အိပ်ပျော်သွားတော့လည်း ကိုယ်ပေါ်ကိုရောက်လာတဲ့ထိုလူရဲ့ခြေထောက်ကြောင့် ဝဠာမှာကျဉ်းကျဉ်းကြပ်ကြပ်အိပ်ခဲ့ရလေသည်။
ŞİMDİ OKUDUĞUN
မြှားနတ်မောင် ကျီစယ်တာလား (completed)
Romantizmမင်းနဲ့ငါ အခုလိုဆုံတွေ့ရတာ... မြှားနတ်မောင်က ကျီစယ်သွားတာလား 🏹