Part-10(Uni)

5.7K 471 12
                                    

"တီ! တီ! တီ! "

ကားဟွန်းတီးသံကြားတာမို့ လွန်းအိမ်နဲ့ဝဠာလည်း ဘေးကိုကပ်ပေးလိုက်သည်။ ကားကသူတို့ကိုကျော်မသွားဘဲ ဘေးမှာရပ်လာသည်။ ကားပေါ်ကဆင်းလာသူက...

"ဦးငယ်.."

"မီးငယ်တို့အတန်းချိန်ပြီးပြီလား.."

"ဟုတ် ပြီးပြီ.."

"အဲ့တာဆိုသွားမယ်လေ ဝဠာ.."

"ဦးငယ်တို့က ဘယ်သွားကြမလို့လဲ?.."

"မြို့ပြင်ကခြံကိုပါ ဒီနေ့ စာချုပ်ချုပ်မယ်ဆိုလို့သွားမလို့.."

"သြော်...မီးက ဦးငယ်ကိုအပြန်လိုက်ပို့ခိုင်းမယ်ဆိုပြီး ကားတောင်းမယူလာခဲ့ဘူး.."

"ဟုတ်လား အဲ့တာဆိုဦးငယ်ပြန်ပို့ပေးမယ်လေ..
မီးငယ်ကိုပို့ပြီးမှ ဦးငယ်တို့သွားမယ်.."

"ရပါတယ် မီးဘာသာtaxiငှားသွားလိုက်မယ်..
ဦးငယ်တို့နောက်ကျဦးမယ်.."

"မီးငယ်အတွက်ပဲဟာ လာ တက် ဦးငယ်လိုက်ပို့မယ်.."

"ရပါတယ်ဆို မီး ကလေးမဟုတ်တော့ဘူး ကိုယ့်ဘာသာသွားတတ်တယ်...
ဦးငယ်တို့သွားတော့.."

"အင်းအင်း အဲ့တာဆို အိမ်ကိုသေချာပြန်နော်.."

"ဟုတ်.."

"အဲ့တာဆို ဦးငယ်တို့သွားတော့မယ်.."

ပြောပြီးတာနဲ့ ဝဠာက မောင်းတဲ့သူနေရာမှာဝင်ထိုင်လိုက်သည်။ မီးငယ်ကိုနှုတ်ဆက်ပြီးတာနဲ့ ထွက်လာလိုက်သည်။

"ဟူး....taxiငှားပြီးပဲပြန်ရတော့မှာပေါ့.."

လွန်းအိမ်လည်း taxiငှားရန် လျှောက်လာလိုက်သည်။

"ဟေ့..."

ဘေးမှာရပ်လာတဲ့ကားတစ်စီးနဲ့အတူ ကားမှန်ကိုဖွင့်ကာပြောလာသူကြောင့် လွန်းအိမ်လည်း ရှေ့ကိုဆက်လျှောက်လာလိုက်သည်။

"ဟာ လွန်းအိမ်ဖူးမာန်...
ကိုယ့်ကိုတွေ့ရက်သားနဲ့.."

လွန်းအိမ်ရဲ့ဘေးကနေ ကပ်မောင်းကာ လိုကာလာသည်။

"ဒီမှာ ခင်ဗျားဘယ်လိုဖြစ်နေတာလဲ?.."

"အပြန်လိုက်ပို့ပေးရမလား.."

မြှားနတ်မောင် ကျီစယ်တာလား (completed)Onde histórias criam vida. Descubra agora