Part-7(Uni)

6.2K 511 14
                                    

"နန္ဒ စုံစမ်းခိုင်းထားတဲ့ကိစ္စဘယ်လိုလဲ?.."

"ဟုတ်ကဲ့ Boss...
ညက ကျွန်တော် Bossပြောတဲ့ကားနောက်ကိုလိုက်သွားပါတယ်..."

"အင်း..."

"အဲ့ကားက ဦးကြည်သာဦးမာန်တို့အိမ်ထဲကိုဝင်သွားပါတယ်.."

"ကြည်သာဦးမာန်.."

ကြည်သာဦးမာန်ဆိုတာ ၂ယောက်မရှိတဲ့ ဒီသာ့ရဲ့အကိုကြီးဖြစ်သည်။ ဒီသာနဲ့ ၁၀နှစ်လောက်ကွာတာကြောင့် ဒီသာ ကိုကိုကြီးလို့သာခေါ်သည်။

"Boss ပြောတဲ့မိန်းကလေးက လွန်းအိမ်ဖူးမာန်ပါ...
ဦးကြည်သာဦးမာန်ရဲ့သမီးပါ..."

"ဟင်.."

"ဟုတ်ကဲ့ ကိုဒီသာဦးမာန်ရဲ့တူမပါ.."

"ဟုတ်လား.."

ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဆိုတာကို ဓနယုံသွားခဲ့ပြီ။
ဒီသာဦးမာန်မှာတူမရှိတယ်ဆိုတာသိပေမယ့် တစ်ခါမှမမြင်ဖူးပေ။ အခု သူစိတ်ဝင်စားတဲ့ မိန်းကလေးက ဒီသာဦးမာန်ရဲ့တူမတဲ့လား။

"ဟုတ် ပြီးတော့.."

"ရပြီ ဒီလောက်ဆိုရပြီ...
မင်းသွားတော့...
သြော် နေဦး ဒီသာဦးမာန်နဲ့သူ့လက်ထောက်ဆိုတဲ့လူကိုပါ စောင့်ကြည့်ထား...
အခွင့်သာရင် ပြောထားတဲ့အတိုင်းလုပ်လိုက်တော့.."

"ဟုတ်ကဲ့ Boss.."

နန္ဒထွက်သွားမှပဲ ဓနမျက်နှာထက် အပြုံးတစ်ခုကိုပန်ဆင်လိုက်သည်။
သူ့အဖြစ်ကလည်း ဦးလေးက ဒဏ်ရာပေးပြီး တူမကဆေးပေးတယ် အဟက်...

တစ်ယောက်တည်းရှိတဲ့တူမကို ဒီသာဦးမာန်တစ်ယောက်ဘယ်လောက်ချစ်မလဲဆိုတာ ဓနခန့်မှန်းလို့ရပါသည်။

"ဒီသာဦးမာန်ရာ မင်းကိုယ်မင်းဟုတ်လှပြီထင်နေတာကို...
ဓနအုပ်စိုးအကြောင်းကောင်းကောင်းသိစေရမယ် အဟက်.."

_____________________________

"ခင်ဗျားရောက်လာပြန်ပြီလား.."

ဆိုင်ပိတ်ခါနီးကို ရောက်လာပြန်တဲ့လူကြောင့် ဝဠာလည်းမေးလိုက်သည်။

"ကော်ဖီဆိုင် လူမလာရဘူးဆိုတာရှိလို့လား.."

"ကျစ် ဆိုင်ပိတ်တော့မှာ.."

မြှားနတ်မောင် ကျီစယ်တာလား (completed)Donde viven las historias. Descúbrelo ahora