Part-14(Uni)

5K 431 12
                                    

"ကိုကို...ဟာ ကိုကိုလို့.."

"ဘာလဲ?.."

မိန်းကလေးမှာ ချစ်ဖို့ကောင်းတဲ့အသံလေးနဲ့ခေါ်နေပါသော်လည်း ပြန်ထူးလာသည်မှာတော့ခပ်ပြတ်ပြတ်ပင်။

"ဟာ ကိုကိုထူးပုံကြီးကလည်း ဟွန့်.....
ဒီက ကိုကို့ကိုလွမ်းလို့ ဖိုးဖိုးဖွားဖွားတို့ဆီမှာအကြာကြီးမနေဘဲ အစောကြီးပြန်လာခဲ့တာကို..
ကိုကိုအခုလိုဆက်ဆံတာမကောင်းဘူးကွာ..."

လက်မောင်းကိုဆွဲလှုပ်ပြီးပြောနေပါသော်လည်း ဝဠာကတော့ လုပ်လက်စအလုပ်ကိုသာဆက်လုပ်နေဆဲပင်။

"ဝတီ ငါအလုပ်လုပ်နေတယ် လာမရှုပ်နဲ့..."

"ကိုကို့ကိုလေ ဝတီအဲ့တာတွေကြောင့် အသဲယားနေရတာ ဟိ....
ကိုကိုသိလား ဝတီကလေ ဝတီ့အနောက်ကနေ တကောက်ကောက်လိုက်နေတဲ့လူတွေဆိုလှည့်ကိုမကြည့်ချင်တာ...
အင်း.....ဘယ်သူ့ကိုမှလည်းအရောမဝင် တည်တည်တံ့တံ့အေးစက်စက်နေတတ်တဲ့လူတွေကိုမှကြိုက်တာ..
for example ကိုကိုပေါ့ ဟီးဟီး..."

ရှက်သလိုအမူအရာလေးနဲ့မျက်နှာလေးရဲပြီးပြောနေပေမယ့် အရှေ့ကရေခဲလူသားကတော့ ဖုတ်လေတဲ့ငပိ ရှိတယ်လို့မသတ်မှတ်ဘဲ လုပ်လက်စအလုပ်ကိုသာ ဆက်လက်လုပ်ဆောင်နေသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး မနေနိုင်တဲ့သူကပဲ...

"လာ လာ မိဝတီ ညည်းသူ့ကိုဘယ်လိုပဲပြောပြော သူနားဝင်မှာမဟုတ်ဘူး အာညောင်းရုံပဲရှိမယ်..."

"ဟွန့်.....အဲ့ကိုကိုကလေ ချစ်တတ်တဲ့နှလုံးသားမရှိဘူးလားမသိဘူး.."

"အဟက် မရှိတာမဟုတ်ဘူး...
နေရာယူထားတဲ့သူကရှိနေလို့ အခြားတစ်ယောက်လက်မခံတာနေမှာပေါ့..."

"ကိုဖြိုးပြောချင်တာက..."

"ညည်းထင်နေတဲ့အတိုင်းပဲ.."

"အားးးးးးးးး!.."

ထအော်လာတဲ့ဝတီ့ရဲ့အသံကြောင့် ကိုဖြိုးနဲ့ဝဠာတို့နားပိတ်ထားလိုက်ရသည်။

"မရဘူး! ကိုကိုကဝတီ့အတွက်ပဲ..."

"မုန်းစရာကောင်းအောင်အော်မနေစမ်းနဲ့ မိဝတီ..."

မြှားနတ်မောင် ကျီစယ်တာလား (completed)Où les histoires vivent. Découvrez maintenant