Part-27🌈🌈Uni

96 3 0
                                    

At 3:00

🎶ဒီနေရာ ဒီကမ္ဘာလေးတစ်ခု ပိုင်ဆိုင်
ဖို့မလွယ်ကူးခဲ့ဘူး....ကြိုးစားလျှောက်
လှမ်းတဲ့လမ်းမှာ...မောင့်ချစ်သာ.🎶

ရောင်စဉ်  မောင်အတွက်ထည့်ထား
သောဖုန်း ringtone သံကြောင့်နိုး
လာခဲ့သည်။ ဒီချိန်ကြီးကျမှ ဘာဖြစ်လို့
ဆက်ပါလိမ့် မောင် တစ်ခုခုဖြစ်လို့လား
စိုးထိတ်စွာ ဖုန်းကို လျှင်မြန်စွာ ကောက်
ကိုင်လိုက်သည်။

"ဟယ်လို..မောင်!"

"ဟယ်လို ..ကိုကို နိုးသွားလား
မောင် တောင်းပန်းပါတယ်...
မောင်..မောင် .."

စကားလုံးများတစ်ဆို့စွာ ထွက်မပေါ်
လာသော ဝမ်းနည်းသံများရောယှက်
နေသော မောင့်အသံကြောင့် စိတ်ပူး
နှုန်းတတ်သွားကာ

"မောင်!! ဘာဖြစ်တာလဲ ကိုကို့ ကို
ပြော တစ်ခုခုဖြစ်လို့လား..
ကိုကိုစိတ်ပူအောင်မလုပ်ပါနဲ့
ဘာဖြစ်လို့လဲ မောင်!...."

"လွမ်းလို့..."

မောင့်ရဲ့ တိုးညင်းစွာ ထွက်ပေါ်လာ
သောအသံကြောင့် စိတ်နည်းနည်း
သက်သာသွားတယ်....

"မောင်ရယ်....ကလေးလေး ကျနေတာပဲ
ကိုကိုက မနက်ဖြန်ပြန်လာမှာပဲကို
ကိုကိုမနက်အလုပ်ကိစ္စပြီးရင် ချက်ချင်း
ပြန်လာမှာ နော် လိမ္မာပါတယ် ..."

"မောင် နားလည်ပါတယ် ဒါပင်မဲ့ ကိုကို
မရှိပဲ မောင်မနေနိုင်ဘူး...ကိုကိုအနား
မှာမရှိတော့ မောင်အိပ်မပျော်ဘူး...
မောင် ဖုန်းမဆက်ဖို့ ကြိုးစားပါသေး
တယ် ...ဒါပင်မဲ့ မောင်မနေနိုင်တော့
လို့ ဆက်လိုက်မိတာပါ မောင့်ကြောင့်
အိပ်ရေးပြတ်သွားရင်
တောင်းပန်ပါတယ်"

မောင့် ကစကားပြောရင်း ငိုသံများ
ပါလာသောကြောင့် သနားသွားသည်။
ကိုကို့ ကိုအလောက်တောင်ချစ်တာလား
ဒါဆို လွန်ခဲ့တဲ့ငါးနှစ်ကိုဘယ်လိုများ
သည်းခံနေခဲ့ရမလဲ...မောင့်ကိုအချစ်
ပိုရပါသည်...
အပြစ်မဆိုရက်ပါဘူး မောင်ရယ်..

"မောင့် ရယ်  ...အင်း  ဟုတ်တာပေါ့
ကိုကို့ ကလေးက အိပ်မပျော်ဘူး
ဆိုတော့ ကိုကို ချော့သိပ်ရမှာပေါ့
ပြော ပုံပြင်ပြောပြရမလား? သီချင်း
ဆိုသိပ်ရမလား?"

You've reached the end of published parts.

⏰ Last updated: Feb 03, 2021 ⏰

Add this story to your Library to get notified about new parts!

သက်​တန့်​ကို​ကျော်​၍Where stories live. Discover now