Part-26🌈🌈Zawgyi

41 4 2
                                    

ရောင်စဉ်တို့ ပြင်ဦးလွင်ကို မနက်၈နာရီ
လောက်ကစထွက်လာလိုက်သည်၊၊
ကိုခန့်ပိုင်ရယ် ကားဒရိုင်ဘာရယ်
ကျွန်တော်ရယ် သုံးယောက်ထဲမို့
ကားပေါ်မှာတိတ်ဆိတ်လို့နေသည်၊၊

ပြင်ဦးလွင်ရောက်တော့ ကိုခန့်ပိုင်ရဲ့
သူငယ်ချင်းဟိုတယ်မှာ တည်းကြ
ူသည်၊၊ ကိုခန့်ပိုင်သူငယ်ချင်းကတော့
ဧည့်ဝတ်ပြူ ငှာစွာကြိုဆိုသည်၊၊

"ပိုင်ကြီး!! ဘယ်လိုလဲ လုပ်ငန်းတွေ
အဆင်ပြေလား ပြင်ဦးလွင်ထိ
လာပြီးနယ်ချဲ့တယ်ဆိုတော့
မေးဖို့မလိုတော့ဘူးထင်တယ် "

"ဒီလိုပါပဲကွာ မင်းရောအဆင်ပြေ
ရဲ့လား ဒီမှာခြေငြိမ်နေတာလား"

"အေး!! ငါအရင်လိုမဟုတ်တော့ပါ
ဘူးကွ "

"ဟုတ်ပါပြီကွာ ဒါနဲ့မင်းကို မိတ်ဆက်
ပေးရအုံးမယ် ဒါငါ့တို့ကုမ္ပဏီက
ဒီဇိုင်းပိုင်းဌာနက ဒီတစ်ခေါက်
project ကိုလုပ်ဖို့အတွက်
ရွေးချယ်ထားတဲ့သူ... ရောင်စဉ်တဲ့
ရောင်စဉ် ဒါကိုယ့်သူငယ်ချင်း
ငယ်ပေါင်းကြီးဖော်ပေါ့ ရဲဇာနည်တဲ့"

"တွေ့ရတာဝမ်းသာပါတယ်ဗျ
ရောင်စဉ်ပါ"

"တွေရတာဝမ်းသာပါတယ်
ပိုင်းကြီးကတော်ရုံဆို ပွဲထုတ်
တာမဟုတ်ဘူး ပိုင်ကြီးရဲ့
အရေးပါတဲ့သူအဖြစ်တွေ့ရတာ
ပိုဝမ်းသာပါတယ်ကွာ"

"အဲလောက်လဲမဟုတ်ပါဘူးဗျ
ချီးကျူလွန်းနေပါပြီ "

"ဟား ဟား ဟုတ်ပါပြီ ကျွန်တော့်
ဟိုတယ်မှာလွတ်လွတ်လပ်လပ်
နေပါ လိုအပ်တာရှိရင်ပြောပါ
အားမနာနဲ့"

"ဟုတ်ကဲ့ ရပါတယ်ဗျ "

"ဇာနည် ! ရောင်စဉ် ခရီးပန်းလာတော့
နားချင်နေလောက်ပြီ အခန်းသော့
ပေးအုံးငါလိုက်ပို့လိုက်အုံးမယ် ပြီးမှ
စကားအေးဆေးပြေားရအောင်"

"ရပါတယ်ဗျ... ကိုခန့်ပိုင် သူငယ်ချင်းနဲ့
စကားပြောလိုက်ပါ ကျွန်တော်သွား
တတ်ပါတယ်ဗျ  ကိုယ့်ဘာသာသွား
လိုက်မယ်ဗျ"

"ရပါတယ် ကိုယ်တို့ကပြီးမှပြော
လည်းရတယ် ရောင်စဉ်ကိုအရင်လိုက်
ပို့ပေးမယ် ရောင်စဉ်က ဒီကို ပထမ
ဆုံးရောက်ဖူးတာဆိုတော့ မသိမှာ
စိုးလို့"

သက်​တန့်​ကို​ကျော်​၍Where stories live. Discover now