Part-3🌈🌈Uni

128 9 0
                                    

မြင့်မြတ် ဗိုက်ဖြည့်ပြီး ဖုန်းနဲ့နှပ်နေ
လိုက်တယ် ။ခဏကြာတော့ မျက်လုံးလေး
စင်းလာတာနဲ့ဖုန်းပိတ်ပြီး ခဏမှေးနေရင်း
နဲ့အိပ်ပျော်သွားခဲ့တယ်။

ခြံထဲကို ကောင်လေးနှစ်ယောက်စက်ဘီး
ပြီးဝင်လာတယ်

"မြင့်မြတ်.. ဟေ့ရောင်မြတ်ကြီး
ဟာ..ဒီကောင်အိမ်မှာမရှိဘူးလား
မသိဘူး"

"ဒီကောင်..ငါတို့ကိုခေါ်ထားပြီး..
ဘယ်သွားနေတာလဲမသိဘူး"

မြတ်သူကပြောပြီအိမ်ထဲဝင်ခဲ့လိုက်တော့
ကြီးမြကိုတွေ့လိုက်တယ်

"ကြီးမြ မြင့်မြတ်ကော ..
သားတို့ကိုခေါ်ထားလို့
အိမ်မှာရှိလား?"

"သြော်.. သားတို့ပါလား...သားငယ်လေးရှိတယ်
အပေါ်ထပ်က သူ့အခန်းထဲမယ်"

"အော် ..ဟုတ် အဆိုသားတို့သူဆီ
သွားလိုက်အုံးမယ်"

"အေးကွယ်...အေး"

ကြီးမြလည်းလုပ်စရာရှိတာဆက်လုပ်နေ
တယ်။အပေါ်ထပ်တတ်ပြီး မြင့်မြတ်
အခန်းထဲဝင်လိုက်တော့ အံမယ်
မင်းသားက စက်တော်ခေါ်လို့ အိမ်မက်ထဲ
မှာနှတ်သမီးငါးရာနဲ့ပျော်မွေ့နေလား
မသိဘူး?

"ဟေ့ရောင်..မြတ်ကြီးထ..ထ
ငါတို့ကိုကျတော့ ဘောလုံးကန်
ဖို့ချိန်းထားပြီ သူကကျတော့
အိပ်ပျော်နေတယ် ထ..ထ"

"အေးပါကွာငါနိုးနေပါပြီ..
မင်းတို့အသံဆိုးကြီးအောက်ထပ်ကနေ
ကြားကတည်းက "

မြင့်မြတ်အိပ်မှုန်စုတ်ဖွားနဲ့ ထထိုင်လိုက်
တယ်။ ကောင်းမြတ်ကတော့

"နိုးရင်လည်းထတော့ကွာ..ဟို
ကောင်တွေနဲ့ချိန်း ထားတာနောက်
ကျနေပြီ"

"အေးပါကွား..မင်းတို့ကလည်း
အဖွားကြီးတွေကျနေတာပဲ
သိပ်ပွားတာပဲ ။ငါနာပူးမခံနိုင်ဘူး
နော်တော်ကျတော့ ..ငါအဝတ်စား
လဲလိုက်အုံးမယ်"

ပြောလိုက်တော့လည်းနှစ်ကောင်သား
တိတ်သွားတယ်။ငယ်ကတည်းက
ပေါင်းလာဆိုတော့ပြောမနာ ဆိုမနာတွေ..
ကျွန်တော့ကစိတ်ဆက်တယ် ။ ဒါကြောင့်
ကျွန်တော့အကြောင်းသိတော့ သည်းခံ
ကြတယ်။ အဝတ်စားလဲပြီးအောက်ဆင်း
လာကြတယ်

သက်​တန့်​ကို​ကျော်​၍Where stories live. Discover now