Part-17 🌈🌈Uni

58 4 0
                                    

ငါးနှစ်ခန့်ကြာသော်!!!!

နာရီ၏နိုးစက်မြည်သံကြောင့်ရောင်စဉ်
နိုးကာနိုးစက်ကိုပိတ်၍ထလိုက်သည်။
ရေချိုးခန်းသို့ဝင်ကာ လန်းဆန်းသွား
အောင်ရေချိုးလိုက်သည်။

ရေချိုးပြီးနောက်မနက်စာ အစာပြေ
ပေါင်မုန့်ယိုသုတ်နှင့်ကော်ဖီတစ်ခွက်
သောက်လိုက်သည်။စားပြီးနောက်
ဒီနေ့အင်တာဗျူးဖြေဖို့ပြင်ဆင်လိုက်
သည်။မြင့်မြတ်ထွက်သွားပြီးနောက်
ပိုင်းအိမ်နှင့်ခွဲ၍ကွန်ဒိုတစ်ခုမှာ
ပြောင်းနေဖြစ်သည်။အမှတ်တရတွေ
ရှိတဲ့နေရာမှာမနေနိုင်ခဲ့ဘူး အရာရာ
သူ့ပဲမြင်ယောင်နေလို့ 

Flash back

ရောင်စဉ်မနက်အိပ်ယာထတော့
တတ်ကြွနေသည်။ဒီနေ့ မြင့်မြတ်ဆီ
သွားပြီးချော့ရမယ် ပြီးတော့ပြောချင်
နေတဲ့စကားတွေကို မြင့်မြတ်မျက်နှာ
ကိုကြည့်ပြီးပြောမယ် ..တစ်ညလုံး
စဉ်စားခဲ့ရလို့ညနက်မှအိပ်ပျော်
သွားခဲ့တာနောက်ဆုံးအဖြေထွက်
လာပြီလေ ကလေးလေ

မျက်နှာမှာအပြုံးများဝေဆာနေပြီး
ပါးနှက်ဖက်မှာလဲရဲလို့ ကိုယ့်ကိုယ်မှန်
ထဲကြည့်ပြီးပါးနှက်ဖက်ကို
အုပ်ကို၍ရှက်ကာ သူ့ပါးချိုင့်တစ်ဖက်ကို
ကြွာချင်လား အောက်မေ့ရအောင်ရယ်
နေသည်။

ရောင်စဉ်ပေါ့ပေါ့ပါးပါးအဝတ်စားကိုရွေး
လဲကာအောက်သို့ဆင်းခဲ့လိုက်သည်။
အောက်ထပ်ရောက်တော့ ဧည့်ခန်းထဲ
ကငိုသံ ကြားတာကြောင့် ပြေးကြည့်
လိုက်တောာတီမြတ်ဖြစ်နေတယ်
ဘာများဖြစ်တာလဲလို့ရင်ထဲ
ထိတ်ခနဲဖြစ်သွားသည်။ဘေးတွင်မား
ကနှစ်သိမ့်ပေးနေသည်။

"ဘာဖြစ်လို့လဲ တီမြတ် !
မြင့်မြတ်တခုခုဖြစ်လို့လား?"

ဦးနဲ့ပြသာနာဖြစ်တာတောမဖြစ်နိုင်ဘူး
ဦးကဒီလောက်ချစ်တာကို ဖြစ်ချင်းဖြစ်
အဆိုးကောင်လေးနဲ့ပဲဖြစ်မှာ  တီမြတ်
ကိုဘာပြောလိုက်ပြန်ပြီလဲမသိဘူး

"ဟုတ်တယ်သား သားငယ်မရှိတော့ဘူး
သားညီကထွက်သွားပြီ ဟင့်! ဟင့်!"

"ထွက်သွားတယ်! ဘယ်ကိုထွက်သွား
တာလဲ ကောင်မြတ်တို့ဆီကိုလား"

သက်​တန့်​ကို​ကျော်​၍Where stories live. Discover now