Part-13🌈🌈Uni

63 6 2
                                    

မနက်၎နာရီလောက်တွင်ရောင်စဉ်နိုးလာခဲ့သည်။ထနေကျဖြစ်သောကြောင့်မျက်လုံး
များအလိုအလျောက်ပွင့်လာခဲ့သည်။
အရင်ကနဲ့မတူနွေထွေးနေသောကြောင့်
ဘေးကိုကြည့်လိုက်တော့ ကလေးလိုပဲ
ဖြူစင်စွာအိပ်နေသောမြင့်မြတ်ကိုတွေ့
လိုက်ရသည်။မြင့်မြတ်နိုးမှာ
စိုးသောကြောင့်
ဖက်ထားတဲ့မြင့်မြတ်လက်ကိုဘေးသို့
အသာချကာ ဆင်းလိုက်သည်။ရေးချိးခန်း
သို့ဝင်ကာမျက်နှာသစ်ပြီးနောက်စာကြည့်
ခုံပေါ်တွင်ထိုင်ကာ စာကျက်နေ
လိုက်သည်။မနက်စောစောဆိုတော့ဥာဏ်
ပွင့်တယ်လေ စာကျက်လို့ကောင်းတယ်
ကျွန်တော်ကစာကျက်ရင်အကျယ်ကြီး
မကျက်တတ်ဘူး စိတ်ထဲကပဲကျက်တတ်
တယ်..ခဏနေတော့မြင့်မြတ်နိုးလာပြီး
ကုတင်ပေါ်တွင်အိပ်ချင်မူးတူးနဲ့ မျက်လုံး
ကိုပွတ်ကာ ဂျီပါတော့သည်။

"ကိုကို!ဘာလို့ကျွန်တော့်ကိုမနိုးတာလဲ
ဘယ်ချိန်ကတည်းကထနေတာလဲ
ကြာပြီးလား"

ထလာတာနဲ့မေးခွန်းတွေ မေးကာဂျစ်
နေသောကောင်လေးအားပြုံး၍
ကြည့်လိုက်သည်။ချစ်ဖို့ကောင်းနေတာ
ကိုး မြင့်မြတ်ရဲ့အိပ်ယာထပုံစံကဒီလို
ပါလားလို့လေ ဆံပင်ဆုတ်ဖွားနဲ့
ကလေးလေးပါပဲ

"ကိုကိုထတာမကြာသေးပါဘူး
စောသေးလို့မြင့်မြတ်ကိုမနိုးတာပါ
အိပ်ရေးပျက်မှာစိုးလို့ပါကွာ"

"ကိုကို့ ကိုအလိုတွေလုပ်ပေးချင်လို့
အထုပ်ဆွဲပြီးအိမ်ရောက်လာတာလေ
ကိုကိုနော် နောက်တခါမရဘူး"

"ဟုတ်ပါပြီကွာ ကျွန်တော်မျိုးမှား
ပါတယ် ....မျက်နှာသစ် အောက်
ထပ်ဆင်းပြီးမနက်စာသွားရအောင်"

"မောင်မင်းတော်တယ်..ငါကိုယ်တော်
ရှင်မြတ်မျက်နှာသွားသစ်လိုက်အုံးမယ်
ဟီး..ဟီး"

ကိုယ်ဘာသာပြောပြီးသဘောကျကာ
ရေချိုးခန်းဝင်သွားသောမြင့်မြတ်ကြောင့်
ကျွန်တော်ပါသူနဲ့အတူ အရူးထကာ
ရယ်မိသည်။နှစ်ယောက်သား
အောက်ထပ်ဆင်းလာတော့ မားတို့က
နိုးနေပြီ breakfastစားဖို့ပြင်နေကြ
တယ်..

"ဟော သားတို့တောင်နိုးလာပြီ
သားမြင့်မြတ်အိပ်လို့ပြောရဲ့လား
အိပ်ယာအပြောင်းအလဲဆိုတော့
တီလေးကအိပ်မပျော်မှာစိုးနေတာ"

သက်​တန့်​ကို​ကျော်​၍Where stories live. Discover now