ဘာလိုလိုနဲ့ဆယ်တန်းစာမေးပွဲတောင်
ဖြေတော့မယ်....ဒီအတောအတွင်း
အဖြစ်ပျက်တွေကမြန်ဆန်လွန်းတယ်
မြင့်မြတ်နဲ့က
စိတ်ဆိုးလိုက်ပြန်ချော့လိုက်နဲ့
စာမေးပွဲနီးလာတော့ဂျစ်တာလေးတွေ
လျော့လာတယ် ကိုကို စာကိုအာရုံမစိုက်
မှာစိုးလို့တဲ့...ကိုယ်ကစာအတော်ကြီးထဲ
မပါပင်မဲ့ ကိုယ့်ကိုယ်ကိုယုံတယ်
ဂုဏ်ထူးတွေပါအောင်ဖြေနိုင်မယ်လို့
ြ်မင့်မြတ်တို့ကလည်းအစိုးရစစ်ဆိုတော့
သူတို့လည်းကြိုးစားရတာပေါ့ မြင့်မြတ်
တော့ဘယ်အချိန်စာလုပ်လည်းမသိဘူး
စာလုပ်တာလည်းမတွေ့ဘူး
ပြီးကျရင်1to 3ကမဆင်းဘူး ပြီးတော့
သူကကိုယ့်ထက်အတန်းငယ်တာကို
ကိုယ်စာတွေပါကူလုပ်ပေးတာ...
ဘယ်လိုဟာလေးမှန်းမသိဘူး..
အဲဒါလေးကိုပဲ ကိုယ့်မှာခင်တွယ်နေရတာ
မားနဲ့ပါးပြီးရင်မြင့်မြတ်က ကျွန်တော်ရဲ့
ခင်တွယ်ရာလေးပါ...သူကျွန်တော့်ပေါ်ဂျစ်
သမျှကိုလည်းစိတ်မဆိုးရက်ဘူး စိတ်မဆိုး
နိုင်ဘူးဆိုပိုမှန်လိမ့်မယ်...သူဆိုးသမျှကို
လည်ကိုယ်အလိုလိုခွင့်လွှတ်ပေးပြီးသား
အကျမို့ ဒင်းလေးကယောင်းတတ်နေတာ
ခုလည်းဒီနေ့ကျောင်းပိတ်ရက်လည်း
ဖြစ်တာမို့ အိမ်မှာမုန့်ဟင်းခါးချက်စား
ကြမလို့... ဂျစ်တူးက စားချင်တယ်ပြော
လို့မားကချက်ကျွေးတာမြင့်မြတ်က
ကျွန်တော်တို့အိမ်ဘက်မှာနေတာများ
တယ်...အိပ်ချိန်ပဲအိမ်ပြန်တယ်
တီမြတ်တို့ကလည်း ဂရုစိုက်ပေးဖို့
အပ်တော့ ငဂျစ်လးကအိမ်ကကို
မပြန်တော့တာ..ကျွန်တော်လည်း
မားကိုကူဖို့ အောက်ကိုဆင်းခဲ့လိုက်သည်။
အောက်ထပ်ရောက်တော့မားတို့က ချက်ဖို့
ပြင်ဆင်နေကြပြီ"မား..သားဘာကူရမလဲ"
"ရပါတယ်သားရယ် စာသာသွားလုပ်
ချည်..""မားကလည်း သားကလုပ်ကူချင်လို့ပါ
ပြီးတော့စာတွေကလည်း လုပ်ပြီးပြီ
ဒါနဲ့မား..မြင့်မြတ်ကောမလာသေးဘူး
လား..အရင်ဆိုရောက်နေပါပြီ..""မလာသေးဘူးသားရေ...သူ့သူငယ်ချင်း
တွေကလာခေါ်သွားတယ်လို့
ကြီးမြကပြောတယ် "*ဘယ်သွားတာလည်း ငါ့လည်းမခေါ်ကြဘူး မြင့်မြတ်မင်းလာပစေ့အုံး*
YOU ARE READING
သက်တန့်ကိုကျော်၍
Fantasyကိုကိုခင်ဗျားကကျွန်တော်အပိုင်ပဲ တခြားတစ်ယောက်ဆီသွာဖို့မကြံနဲ့ ကျွန်တော်ကဆိုးတယ် ဟုတ်တယ်အဲလိုဆိုးတာကလဲ ခင်ဗျားကိုချစ်လို့အဆုံးရှုံးမခံနိုင်လို့ မြင့်မြတ်မောင်# မောင် မင်းသိပ်ဆိုးတာပဲငါ့အပေါ်နောက်ပြီးငါ့ကိုသိပ်လွှမ်းမိုးလွ...