မြင့်မြတ်တို့သူငယ်ချင်းသုံးယောက်
အိမ်ကိုပြန်ခဲ့ကြသည်။မြင့်မြတ်ကတော့
မကျေနပ်မှုတွေကိုပေါက်ကွဲကာ ...
ကောင်းမြတ်တို့ကို တစ်လမ်းလုံး
ပြောလာခဲ့သည်..အိမ်ရှေ့ရောက်မှ
စကားခဏပြောပီးခြံထဲဝင်ခဲ့
လိုက်သည်။ဟိုနှစ်ကောင်ကလည်း
လမ်းမှာဟောက်လာခဲ့တော့ လန့်ပြီး
အိမ်ထဲတောင်မဝင်ပဲ ပြန်သွားကြသည်။.
ခြံထဲဝင်လိုက်တော့တွေ့လိုက်ရတာက
ကြီးမြစိုက်ထားတဲ့ သစ်ခွပင်တွေနားမှာ
လူတစ်ယောက်ကို
တွေ့လိုက်သည်။သူကကျွန်တော့်ကိုပြုံးပြတယ်...။
သူများတွေလိုပါးချိုင့်နှစ်ဖက်မပါပဲ
တစ်ဖက်ထဲသာပါသော ပါးချိုင့်လေး
နဲ့ ပြုံးလိုက်သည့်အခါ...
ထင်ရှားစွာထွက်ပေါ်လာသည်။
မျက်နှာမှာတော့ အေးချမ်းမှုတွေ
တွေ့ရပြီး ..အသားရည်မှာ
ဖြူသည်ဘက်မသွား,ဝါသည်
ဘက်မသွား ပန်းသွေးရောင်
ဘက်သန်းသည်။ ယောက်ျားလေး
ဖြစ်ပြီး နုနုနယ်နယ်ပုံ ပေါက်နေသည့်
ထို့သူ့ကို တစ်ချက်တော့ကြည့်မရ..
အရပ်ကလေး
နည်းနည်းရှည်သေးလို့သာ
တော်သေး တော်ကြာ...
မိန်းကလေးနဲ့မှားကြလိမ့်မယ်...။ထိုသူပြုံးပြလိုက်သည့်အခါ ဘာကြောင့်
မှန်းမသိ..ထွက်နေတဲ့ဒေါသတွေ
တောင်ဘယ်ရောက်သွားမှန်းမသိ...
ကျွန်တော်ငေးနေတုံးမှာသူကကျွန်တော့်
နားရောက်လာသည်.။"ညီ!..ညီ အကိုပြောတာကြားလား?"
"ဟင်...ဘာပြောလိုက်တာလဲမသိဘူး
ပီးတော့ ခင်ဗျားကကော ဘယ်သူလဲ
ဘာလို့ကျွန်တော်တို့ခြံထဲရောက်နေ
တာလဲ"မေးခွန်းတွေဆက်တိုက်
မေးနေတဲ့ကောင်းလေးကြောင့်
ရောင်စဉ်မျက်ခုံးနှစ်ဖက်ပင့်သွားသည်။
က်ုယ့်ထက်ကြီးတဲ့သူကိုစကား
ပြောပုံကလည်းတစ်မျိုးပဲ.."အကိုက ရှေ့ဘက်အိမ်ကို ပြောင်းလာတဲ့လူသစ်တွေပါ ညီ.အမေက
အကိုတို့ကိုဖိတ်ထားလို့ပါ..ရောက်နေတာ
ပါ...တွေ့ရတာဝမ်းသာပါတယ်
အကိုနာမည်ရောင်စဉ်ပါ...ညီ နာမည်
ကရော"မြင့်မြတ်တစ်ယောက်ငေးကောင်းကောင်း
နဲ့ငေးနေတာဘာပြောလိုက်မှန်းသေချာ
မကြားလိုက်နောက်ဆုံးစကားပဲ
နားလည်လိုက်တယ်...။
YOU ARE READING
သက်တန့်ကိုကျော်၍
Fantasyကိုကိုခင်ဗျားကကျွန်တော်အပိုင်ပဲ တခြားတစ်ယောက်ဆီသွာဖို့မကြံနဲ့ ကျွန်တော်ကဆိုးတယ် ဟုတ်တယ်အဲလိုဆိုးတာကလဲ ခင်ဗျားကိုချစ်လို့အဆုံးရှုံးမခံနိုင်လို့ မြင့်မြတ်မောင်# မောင် မင်းသိပ်ဆိုးတာပဲငါ့အပေါ်နောက်ပြီးငါ့ကိုသိပ်လွှမ်းမိုးလွ...