ခန့် ပိုင် စိတ်ထဲတွင်ဘ၀င်မကျ ဖြစ်ကာ
နေတော့သည်။
ခန့်ပိုင်အတွင်းရေးမှုး ကိုဖုန်းဆက်ပြီး
ရောင်စဉ်လာလျှုင် အထဲသို့လွတ်လိုက်ဖို့
ပြောလိုက်တယ်။ရောင်စဉ် ပြုံးရွှင်စွာအလုပ်ခန်းသို့
တက်လာ ခဲ့လိုက်သည်။"ရောင်စဉ် မောင်လေး Ceoခေါ်နေတယ်
သွားလိုက်အုံး ""ဟုတ်ကဲ့အမ "
"ဒေါက်!ဒေါက်!ဒေါက် !"
"၀င်ခဲ့လိုက် "
"ကိုခန့်ပိုင် ခေါ်တယ်ဆိုလို့ "
"ဟုတ်တယ် ရောင်စဉ် အလုပ်ကိစ္စ
ပြောစရာရှိလို့ ""ဟုတ်ကဲ့ ကိုခန့်ပိုင် ပြောပါဗျ"
"အင်း ကိုယ်တို့ အလုပ်ကိစ္စနဲ့ပြင်ဦးလွင်
သွားစရာရှိတယ် တစ်ညအိပ်လောက်ပေါ့
မြေကွက်ကိစ္စ သွားကြည့်မှာ ဟိုမှာ
ဟိုတယ်ဆောက်မဲ့ မြေကွက်သွားကြည့်
မလို့ ရောင်စဉ်ကိုလိုက်ခဲ့စေချင်တယ်
ရောင်စဉ် အဆင်ပြေလား "ရောင်စဉ်ခန တွေဝေ သွားသည်
မြင့်မြတ်ကို ဒီကိစ္စတိုင်ပင်လျှင်
လက်ခံမည်မဟုတ် ဒါပေမဲ့လည်း
အလုပ်ကိစ္စ ဆိုတော့ ရောင်စဉ်လိုက်ဖို့
ဆုံးဖြတ်လိုက်သည်၊၊"ဟုတ်ကဲ့ အဆင်ပြေပါတယ် ကိုခန့်ပိုင်
ဘယ်နေ့လောက် သွားချင်လည်း ""ရောင်စဉ် အဆင်ပြေရင် မနက်ဖြန်
မနက်သွားကြတာပေါ့""ဟုတ်ကဲ့ အဆင်ပြေပါတယ် "
"ဒါဆို ကိုယ်လာခေါ်ပေးရမလား
ရောင်စဉ်ဆီကို ""ရတယ်ဗျ ကျွန်တော်ပဲလာခဲ့လိုက်ပါ
မယ်"ရောင်စဉ် မြင့်မြတ်ကိုဘယ်လိုပြော
ရမလဲ စိတ်အိုက်နေသည်။လူဆိုး
လေးကတစ်ဇွတ်ထိုး မထူးပါဘူး
လေမီးစဉ်ကြည့်ကရမှာပဲ
အလုပ်ကိစ္စုဆိုတော့လည်း....-----------------------------Time skip
----------------ရောင်စဉ် တို့အိမ်ရောက်ပြီး ရေမိုးချိုးကာထမင်းစားဖို့ပြင်လိုက်ပြီး နှစ်ယောက်
သားထမင်းအတူစားကြသည်။ရောင်စဉ် မြင့်မြတ်ကိုဘယ်ကနေ
စပြောရမလဲ စဉ်စားနေမိသည်။
YOU ARE READING
သက်တန့်ကိုကျော်၍
Fantasyကိုကိုခင်ဗျားကကျွန်တော်အပိုင်ပဲ တခြားတစ်ယောက်ဆီသွာဖို့မကြံနဲ့ ကျွန်တော်ကဆိုးတယ် ဟုတ်တယ်အဲလိုဆိုးတာကလဲ ခင်ဗျားကိုချစ်လို့အဆုံးရှုံးမခံနိုင်လို့ မြင့်မြတ်မောင်# မောင် မင်းသိပ်ဆိုးတာပဲငါ့အပေါ်နောက်ပြီးငါ့ကိုသိပ်လွှမ်းမိုးလွ...