့မြင့်မြတ် ကိုကိုကြည့်ပြီ စိတ်မကောင်း
ဖြစ်မိသည်။ ကိုကို မျက်နှာညိုးနေရင်
မောင် မနေတတ်ဘူး ကိုကိုမျက်နှာလေး
ညိုးသွားတာ မောင်ကြောင့်ဆိုတဲ့
အသိကြောင့် ကိုယ့်ကိုယ် ဒေါသ
ထွက်မိတယ် ကားပေါ်မှာ ကိုယ့်
အတွေးနဲ့ကိုယ်မို့ ကိုကို့ ကိုစကား
မပြောမိ ....ကိုကို့ကို မောင်မဟုတ်တဲ့
အခြားတစ်ယောက်နဲ့ တွေ့နေရတာ
မောင့်အတွက်အဆင်မပြေဘူး
ဦးနှောက်ကနားလည်ပေးနိုင်ပေမဲ့
မောင့်နှလုံးသားကခွင့်မပြုဘူး
ဖြစ်နေတယ်.... မောင့်နှလုံးသားက
ဆိုးလိုက်တာကိုကို ရယ်.... မောင်လည်း
နှလုံးသား အလိုကိုလိုက်မိတော့
...ကိုကို့ ကို စိတ်ညစ်စေရပြီ
မောင်.... တောင်းပန်ပါတယ်"မြင့်မြတ် ရေအရင်ချိုးလိုက်နော်
ကိုကို စားဖို့ပြင်လိုက်မယ်"ပြောပြီး ချက်ပြုတ်ဖို့ထွက်သွားသော
ကိုကို ပြန်မပြောမိ အတွေးများက
ကြီးစိုးနေတာကိုး မြင့်မြတ် အတွေး
တို့ကို ရပ်ကာ ကိုကို့နောက်လိုက်
သွားလိုက်သည်။ကိုကို့ ကိုနောက်သွားပြီးခါးလေး
ဖက်လိုက်တော့ ကိုယ်လေး တုန်
သွားသည်။ ထို့နောက် တအင့် အင့်
ရှိုက်သံကြောင့် ကိုကိုငိုနေသည်
ဆိုသည့်အသိကြောင့် လူကို
သွေးပြတ်စေသည်အထိ ထိတ်လန့်
သွားသည် ..ခန္ဓာကိုယ်လေးအား
လည့်လိုက်တော့ ....ကျွန်တော်
မျက်နိုးဆုံး မျက်တောင်လေးတွေ
မှာ မျက်ရည်လေးတွေခိုလို့
ရင်နာလိုက်တာ ကိုကိုရယ်
မောင့်ကြောင့်ပါ..... မောင့်အပြစ်ပါ"ကိုကို !!"
"အင့် ကိုကို့ ကိုစိတ်မဆိုးပါနဲ့ အင့်
ကိုကို့ ကိုလျစ်လျူ မရှုပါနဲ့ အင့်
ကိုကို မနေတတ်လို့ပါ "မှားပြီ မြင့်မြတ် မင်းအကြီးကြီးကို
မှားတာ...ကိုကို့ကို ချစ်ပါတယ်
ဆိုတာ ဒါလား မျက်ရည်ကျစေ
တာလား ကိုယ့် ကိုယ်ကိုပြော
ကာအပြစ်တင်မိသည်။"မောင့် အမှားပါ မငိုပါနဲ့
ကိုကိုရယ် ...မောင်ရင်တွေ နာလိုက်တာ
မောင် ကိုကို့ ကိုပြစ်မထားပါဘူး
ပြီးတော့ မောင်...ကိုကို့ကို
စိတ်မဆိုးပါဘူး..မောင်က
ကိုကို့ကို နာလည်မပေးနိုင်လို့
ကိုယ့်ကိုယ် စိတ်တိုမိလို့ပါ
တောင်းပန်ပါတယ် ကိုကို"
YOU ARE READING
သက်တန့်ကိုကျော်၍
Fantasyကိုကိုခင်ဗျားကကျွန်တော်အပိုင်ပဲ တခြားတစ်ယောက်ဆီသွာဖို့မကြံနဲ့ ကျွန်တော်ကဆိုးတယ် ဟုတ်တယ်အဲလိုဆိုးတာကလဲ ခင်ဗျားကိုချစ်လို့အဆုံးရှုံးမခံနိုင်လို့ မြင့်မြတ်မောင်# မောင် မင်းသိပ်ဆိုးတာပဲငါ့အပေါ်နောက်ပြီးငါ့ကိုသိပ်လွှမ်းမိုးလွ...