ရောင်စဉ် မြင့်မြတ်ပြန်သွားတော့
အခန်းထဲဝင်ဖို့သွားလိုက်တယ်..
ဆရာမက ရှေ့တွင်သွားတာကို
တွေ့လိုက်သည်။အခန်းပေါက်ရှေ့
ရပ်လိုက်ပြီး ဝင်ခွင့်တောင်းလိုက်သည်။"ဆရာမ!..."
ဆရာမကျွန်တော့်ကိုတစ်ချက်ကြည့်ပြီး
ပြုံးပြကာ အတန်းဘက်ပြန်လှည့်သွားပြီး
ပြောလိုက်သည်..."ကဲ အားလုံးပဲဒီနှစ်ကျောင်းပြောင်း
လာသူကျောင်းသားသစ်ရှိတယ်
...သား ဝင်ခဲ့"အားလုံးကအံ့သြနေကြသည်။
ဘာဖြစ်လို့လဲဆိုတော့ ဒီကျောင်းက
အဲလိုနောက်ဆုံးနှစ်(၁၀တန်း) မှ
ပြောင်းလာသူတွေကိုလက်မခံလို့
ဖြစ်သည်။ရောင်စဉ်ဝင်လာတော့ အားလုံးက
စူးစမ်းသလိုကြည့်သည်။ကျောင်းသား
သစ်မို့လို့ရောင်စဉ်ထင်လိုက်သည်။"သား မိတ်ဆက်လိုက်အုံး"
"ဟုတ် ..ကျွန်တော့်နာမည်
ရောင်စဉ်ပါ ဒီနှစ်မှပြောင်း
လာလို့ မသိတာများရှိရင်ကူညီပေး
ပါအုံး.."အတန်းထဲမှကောင်မလေးများက
"ဟယ် ..ချစ်ရာလေးနော်"
"ချောလိုက်တာ"
"oppa ကကိုရီးယား မင်းသား
လေးကျနေတာပဲ"အစသဖြင့်ကြားနေရသောရောင်စဉ်မှာ
ရှက်ကာရယ်ပြလိုက်သည်။"ကဲ တိတ်ကျတော့...သားရောင်စဉ်
ဟိုအတန်းက လွတ်တဲ့နေရာမှာထိုင်
လိုက်..""ဟုတ်ကဲ့....ဆရာမ"
ရောင်စဉ်နောက်ဆုံးတန်းကိုသွားကာ
တံခါးပေါက်လေးရှိတဲ့ခုံမှာ ထိုင်လိုက်
သည်။ ဆရာမစာသင်လို့အတန်းချိန်ပြီး
သွားတော့ရှေ့တန်းကကောင်လေးတွေ
ကလာမိတ်ဆက်ကြသည်။"တွေရတာဝမ်းသာပါတယ် ရောင်စဉ်
ငါ့နာမည်နေခ ငါတို့သူငယ်ချင်းလုပ်
ကြမလား"ရောင်စဉ်တွေဝေနေသည်။မြင့်မြတ်က
သူငယ်ချင်းအသစ်မထားဖို့ပြောထား
တယ် ဒါပင်မဲရောင်စဉ်ထားချင်တယ်
ကျောင်းသစ်မှာသူငယ်ချင်းသစ်တွေနဲ့
ခင်ချင်တယ်..တခြားသူတွေလို့
လူငယ်ဘဝကိုဘယ်လိုလဲဆိုတာ
သိချင်တယ် မမှတ်မိတော့တဲ့အတိတ်
ကိုမေ့ပြီး တော့ပေါ့..။ရောင်စဉ်ဆုံး
ဖြတ်ချက်ချလိုက်သည်။
YOU ARE READING
သက်တန့်ကိုကျော်၍
Fantasyကိုကိုခင်ဗျားကကျွန်တော်အပိုင်ပဲ တခြားတစ်ယောက်ဆီသွာဖို့မကြံနဲ့ ကျွန်တော်ကဆိုးတယ် ဟုတ်တယ်အဲလိုဆိုးတာကလဲ ခင်ဗျားကိုချစ်လို့အဆုံးရှုံးမခံနိုင်လို့ မြင့်မြတ်မောင်# မောင် မင်းသိပ်ဆိုးတာပဲငါ့အပေါ်နောက်ပြီးငါ့ကိုသိပ်လွှမ်းမိုးလွ...