နောက်တစ်နေ့ နံနက် ရောင်စဉ်နိုးလာခဲ့
သော်လည်းအရင်ရက်တွေလို တတ်
တတ်ကြွကြွရှိမနေပါ
စိတ်ထဲမှာလေလံနေတယ်။ဒီနေ့မြင့်မြတ်
ကိုစကားစပြောလိုက်ပြီးလျော့လိုက်ပါ့မယ်
ကိုယ်ကအကြီးပဲလေ..ပြီးတော့ မြင့်မြတ်
နဲ့စကားမပြောပဲနေရတာအဆင်မပြေဘူး
တစ်ခုခုလိုနေသလိုပဲ..သူလည်းဒီကလေး
အပေါ်အတော်ခင်တွယ်မိနေပြီပဲ..မြင့်မြတ်တစ်ယောက်မှာလဲ ကိုကိုနဲ့
စကားမပြောဘဲစိတ်ဆိုးကာနေလိုက်
သည့်အတွက်နေလို့မကောင်းပါ
မနေ့ညကလည်းတစ်ညလုံး
အိပ်မပျော်ဘူး...ဒီနေ့တော့ကိုကို့
ကိုပြန်ချော့ရမယ် ကိုယ်မှစကား
မပြောဘဲမနေနိုင်တာ...မနက်ခင်းထမင်းစားဝိုင်းတွင်
လူစုံနေသည်။"သား မြင့်မြတ်မျက်နှာလည်းမကောင်း
ပါလား..နေမကောင်ဘူးလား"မာမီပြောတော့ဒယ်ဒီကတစ်ချက်သာ
ကြည့်ကာ မနက်စာဆက်စားနေသည်။"ဘာမှမဖြစ်ပါဘူးမာမီ သားနေကောင်း
ပါတယ်..""ကြီးမြအိမ်မှာဘာမုန့်ရှိလဲ? "
"ကြက်ဥပူတင်းရှိတယ် သား
စားမလို့လားကြီးမြထည့်
ပေးလား"*ကြက်ဥပူတင်ဆိုရင် ကိုကို့ အကြိုက်ပဲ
ကြက်ဥပူတင်းကျွေးပြီး ကိုကို့ ကို
ချော့ရမယ်*"ကြီးမြ ကြက်ဥပူတင်းကို ဗူးနဲ့
ထည့်ပေးလိုက်သား ကျောင်း
ကိုယူသွားဖို့""ကြီးမြ သား စိတ်ကြိုက်ထည့်ပေးလိုက်
သား ကျောင်းမှာစာလိုက်နိုင်လား
နားမလည်တဲ့ဘာသာတွေရှိရင်
မာမီကိုပြောထားနော်သားတွက်ဂိုက်
ကိုရှာထားရအောင်လို့""မလိုပါဘူးမာမီ သားလိုက်နိုင်တယ်"
ဒယ်ဒီကတော့
" ဒီတစ်ပတ် ရလဒ်ကိုစောင့်ကြည့်မယ်
မြင့်မြတ် မကောင်းရင်တော့မင်း
မာမီစီစဉ်တဲ့အတိုင်း အိမ်ခေါ်သင်ရမယ်""ကျွန်တော် ရလဒ်ကောင်းရင်
ကျွန်တော်တောင်းဆိုတာ ဒယ်ဒီ
လုပ်ပေးမှာလား""မင်း resultထွက်လာတဲ့အခါ ကျ
တော့မှဆက်ပြော ပြီးတော့ 5
လောက်နဲ့တော့မရဘူး 3လောက်မှ"
(ဆိုလိုချင်တာက 1 to 3အတွင်းကို
ပြောချင်းဖြစ်သည်)
YOU ARE READING
သက်တန့်ကိုကျော်၍
Fantasyကိုကိုခင်ဗျားကကျွန်တော်အပိုင်ပဲ တခြားတစ်ယောက်ဆီသွာဖို့မကြံနဲ့ ကျွန်တော်ကဆိုးတယ် ဟုတ်တယ်အဲလိုဆိုးတာကလဲ ခင်ဗျားကိုချစ်လို့အဆုံးရှုံးမခံနိုင်လို့ မြင့်မြတ်မောင်# မောင် မင်းသိပ်ဆိုးတာပဲငါ့အပေါ်နောက်ပြီးငါ့ကိုသိပ်လွှမ်းမိုးလွ...