Part-15🌈🌈Uni

53 6 0
                                    

ရာသီတွေအလီလီပြောင်းခဲ့ပြီးတော့
ဆောင်းအကုန်နွေအကူး သစ်ရွက်ခြောက်
တို့မြေမှာခလို့ ထွက်သစ်စ အဖူးအပွင့်
တွေဟာအပင်တိုင်းမှာလှပစွာတည်ရှိနေ
ကြတယ်။

မြင့်မြတ်အခုဆယ်တန်းဖြေ
ပြီးလို့ ကိုကို့ ကိုလာချော့ခြင်းဖြစ်သည်။
နောက်ပြီး ဒီနှစ်တွေမှာကိုယ့်ကိုယ်ကို
သိလာခဲ့တဲ့အဖြေတချို့ကိုလည်း
ကျေနပ်မိတယ်အဲဒါကကျွန်တော်
ကိုကို့ကို သိပ်ချစ်တယ်
ဆိုတာပဲ ဒီချိန်မှာစိတ်ကစားတယ်လို့ 
ထင်ချင်ထင်မှာ.. ကျွန်တော်စိတ်ကစား
တာမဟုတ်ဘူးဆိုတာ ဒီနှစ်တွေမှာအဖြေ
ထွက်ခဲ့တယ် ..ကိုကို့ကိုသိပ်ချစ်လွန်းလို့
ဖြစ်ပေါ်လာတဲ့ခံစားချက်တွေကို
ကျွန်တော်သတိထားမိလာတယ်
ဒါကြောင့် အခုကျွန်တော်ဆယ်တန်းဖြေ
အပြီးဖွင့်ပြောဖို့လုပ်လိုက်တာ အောင်
စာရင်းထွက်မှပြောဖို့လုပ်ထားပင်မဲ့
ကျွန်တော်မနေနိုင်တော့လို့ဖွင့်ပြောရ
တော့မယ် ကိုကိုက သူ့ရည်မှန်းချက်
အတိုင်း တတ်ခွင့်ရခဲ့တယ် အောင်စာရင်း
ထွက်တုန်းကဆို ကိုကိုသိပ်ကြောက်နေခဲ့
တာကိုကို့ကိုကြည့်ပြီးကျွန်တော်မှာရင်တမမနဲ့ အခုဆိုကိုကိုက ဒုတိယနှစ်တောင်
ရောက်နေပြီ...ကျောင်းပေါက်မှာ ကိုကို့
စောင့်လိုက်သည်။ကိုကိုစိတ်ကောက်လေး
ဒီလူကသူ့ကိုမြင်ရင်ဘယ်လိုမှစာထဲစိတ်
ထည့်လို့မရတာကြောင့်စာမေးပွဲပြီးတဲ့ထိ
ကျွန်တော့်ကိုမတွေ့ပါနဲ့အုံးပြောလိုက်တာ
စိတ်ဆိုးသွားလေရဲ့စာမေးပွဲပြီးလည်းမ
တွေဘူးတဲ့ အဲ့အချိန်ကချော့ချင်ပင်မဲ့
စိတ်ကိုတင်းထားရတယ် စာထဲအာရုံ
စိုက်ထားလိုက်ရတယ်..ဟူးမလွယ်ဘူး
ဟောထွက်လာပါပြီ ဘေးကသူငယ်ချင်း
တွေနဲ့စကားတွေများနေလိုက်တာ
ဘယ်သူကခွင့်ပြုထားလို့အလောက်
စကားများနေရတာလဲ....

"ကိုကို!!"

လှမ်းခေါ်လိုက်တော့ တစ်ချက်သာ
ကြည့်ပြီးထွက်သွားသည်။သူကို
ဂရုမစိုက်ဘူးပေါ့ ဟက်! ကိုကို
အဆိုးလေး...

ရောင်စဉ် မြင့်မြတ်နဲ့စကားမပြောဖြစ်
တာကြာပြီ သူစာမေးပွဲစဖြေကတည်း
ကဆိုပါတော့ ကိုယ်ကသူ့ကိုစေတနာ
နဲ့လုပ်ပေးချင်တာကို ကျွန်တော်တို့
ခဏလောက်မတွေပဲနေရအောင်တဲ့လား
စာမေးပွဲဖြေပြီးမှတွေရအောင်တဲ့
ဒါလူကိုသက်သက်စော်ကားတာ
ကိုယ်ကစေတနာနဲ့လုပ်ပေးချင်တာကို
ဒေါသထွက်လို့ဘယ်တော့မှလာမ
တွေ့နဲ့လို့ပြောလိုက်တယ်
ကိုယ်စိတ်တိုတုံးပြောလိုက်တာလာမချော့
ဘူး မနေနိုင်တဲ့ကိုယ်ကပဲသူဖြေမှဖြေနိုင်
ရဲ့လာလို့ကျောင်းပေါက်မှာခိုးကြောင်ခိုး
ဝှက်နဲ့သွားစောင့်ရတာ ကျောင်းထဲက ပြုံး
ပြုံးရွင်ရွင်နဲ့ထွက်လာမှ စိတ်ချလက်ချအိမ်
ပြန်နိုင်တာ ...မြင့်မြတ်ကတော်ပါတယ်
တီးမြတ်ကလည်းအိမ်မှာသေချာလုပ်ပေး
တာ..ဒီနေ့နောက်ဆုံးနေကို မသွားလိုက်ရဘူး ကျောင်းမှာpraticalလုပ်နေရလို့
စိတ်ကတော့ပူနေရတယ် နောက်ဆုံး
ဘာသာဖြေနိုင်ရဲ့လားဆိုပြီး ...
.ကျောင်းဆင်းတော့ ကျောင်းပေါက်မှာ
ကိုယ်တွေ့ချင်တဲ့သူကိုတွေ့လိုက်ရတော့
ဝမ်းသာသွားတာဒါပင်မဲ့ အပြစ်ပေးချင်
သောကြောင့်မသိချင်ယောင်ဆောင်
လိုက်သည်။

သက်​တန့်​ကို​ကျော်​၍Where stories live. Discover now