ခင်ထားလည်း မြတ်နဲ့စကားပြောပြီး
ပစ္စည်းတွေနေရာချနေလိုက်တယ်။
ကိုသန်းထိုက်သာမြတ်တို့နဲ့ပြန်တွေ့
တာသိရင် ဝမ်းသာနေမှာ ကိုသန်းထိုက်နဲ့
အိမ်ထောင်ကျပြီး ကတည်းက မြတ်တို့နဲ့
ကွဲသွားတာ ။သားလေးရောင်စဉ်
တောင်၁၀တန်းတတ်ရတော့မယ်
ဆိုတော့ ဆယ်နှစ်တောင်ရှိပြီပဲ ။ကိုသန်းထိုက်ကအလုပ်
ကိစ္စနဲ့ ပြည်ပရောက်နေတော့ အိမ်ပြောင်း
မဲ့ ကိစ္စကိုတိုင်ပင်ပြီချက်ချင်း ပြောင်းလိုက်
တာ။
သားအမိနှစ်ယောက်နဲ့အလုပ်သမားတွေ
နဲ့ဆိုတော့နည်းနည်းတော့ပင်ပန်းတာပေါ့
ကိုယ်ဆိုတာလည်း ကိုယ်တိုင်ဝင်လုပ်မှ
စိတ်တိုင်းကျတာမျိုး။"မား ရယ်နားပါအုံး ရေလေးသောက်လိုက်
အုံးဒီမှာ ကျန်တာသားဆက်လုပ်လိုက်မယ်။
ပါးက ဖုန်းဆက်တယ် ပြန်လာနေပြီတဲ့။""ဟုတ်လား..သားပါးကတော့ပြန် လာရင်
မားတို့ကိုပြောတော့မယ် တိုင်ပင်ပြီး
သူ့ကိုမစောင့်ပဲအိပ်ပြောင်းရွေ့
လုပ်နေလို့ ""ဟုတ်မှာမား သားနဲ့ ဖုန်းပြောတုန်းက
တောင်ပြောနေတာ ဒီသားအမိ
နှစ်ယောက်ကိုမနိုင်ဘူးတဲ့ ဟီး..ဟီး""ပြန်လာရင်မြတ်တို့နဲ့ ပြန်တွေ့တဲ့
အကြောင်းကိုလည်းပြောရအုံးမယ်""မြတ်ဆိုတာမားပြောပြောနေကြ
မားသူငယ်ချင်းအန်တီ မြတ်မြတ်မိုး
ကိုပြောတာလား မား""ဟုတ်ပ သားရယ်ပြန်ဆုံချင်တော့
သွားရှာစရာမလိုပဲပြန်တွေ့တာ။
တိုက်ဆိုင်လိုက်တာများ မားတို့
အိမ်ရှေ့အိမ်က မြတ်တို့အိမ်တဲ့။
နောက်နေ့ကျမှ သားကိုခေါ်သွားပြီး
မိတ်ဆက်ပေးရအုံးမယ်""ဟုတ်.. မားသားလည်းတွေ့ချင်နေတာ
မားပြောပြောပြနေလို့ သိချင်နေတာ
ဟီး..""ဒါဆို မားနားလိုက်အုံး သားပစ္စည်း
တွေနေရာချ ခိုင်းလိုက်အုံးမယ်"ကျွန်တော်လည်းပစ္စည်းတွေနေရာချရင်း
ကိုယ်နေမဲ့အ ခန်းလေးကိုတတ်ကြည့်
လိုက်တယ် ကျွန်တော်ကမနက်မိုးလင်း
လို့အိပ်ယာထပီဆိုရင် ဝရန်တာလေး
ဘက်ထွက်ပြီး မနက်ခင်းရှုခင်းကို
ကြည့်ရတာသိပ်သဘောကျတာ။
အဲဒါကြောင့် ဝရန်တာပါတဲ့အခန်း
ကိုယူထားတာ ။
YOU ARE READING
သက်တန့်ကိုကျော်၍
Fantasyကိုကိုခင်ဗျားကကျွန်တော်အပိုင်ပဲ တခြားတစ်ယောက်ဆီသွာဖို့မကြံနဲ့ ကျွန်တော်ကဆိုးတယ် ဟုတ်တယ်အဲလိုဆိုးတာကလဲ ခင်ဗျားကိုချစ်လို့အဆုံးရှုံးမခံနိုင်လို့ မြင့်မြတ်မောင်# မောင် မင်းသိပ်ဆိုးတာပဲငါ့အပေါ်နောက်ပြီးငါ့ကိုသိပ်လွှမ်းမိုးလွ...