Part- 25🌈🌈Uni

52 6 0
                                    

ခန့် ပိုင် စိတ်ထဲတွင်ဘ၀င်မကျ ဖြစ်ကာ
နေတော့သည်။
ခန့်ပိုင်အတွင်းရေးမှုး ကိုဖုန်းဆက်ပြီး
ရောင်စဉ်လာလျှုင် အထဲသို့လွတ်လိုက်ဖို့
ပြောလိုက်တယ်။

ရောင်စဉ် ပြုံးရွှင်စွာအလုပ်ခန်းသို့
တက်လာ ခဲ့လိုက်သည်။

"ရောင်စဉ် မောင်လေး Ceoခေါ်နေတယ်
သွားလိုက်အုံး "

"ဟုတ်ကဲ့အမ "

"ဒေါက်!ဒေါက်!ဒေါက် !"

"၀င်ခဲ့လိုက် "

"ကိုခန့်ပိုင် ခေါ်တယ်ဆိုလို့ "

"ဟုတ်တယ် ရောင်စဉ် အလုပ်ကိစ္စ
ပြောစရာရှိလို့ "

"ဟုတ်ကဲ့ ကိုခန့်ပိုင် ပြောပါဗျ"

"အင်း ကိုယ်တို့ အလုပ်ကိစ္စနဲ့ပြင်ဦးလွင်
သွားစရာရှိတယ် တစ်ညအိပ်လောက်ပေါ့
မြေကွက်ကိစ္စ သွားကြည့်မှာ ဟိုမှာ
ဟိုတယ်ဆောက်မဲ့ မြေကွက်သွားကြည့်
မလို့ ရောင်စဉ်ကိုလိုက်ခဲ့စေချင်တယ်
ရောင်စဉ် အဆင်ပြေလား "

ရောင်စဉ်ခန တွေဝေ သွားသည်
မြင့်မြတ်ကို ဒီကိစ္စတိုင်ပင်လျှင်
လက်ခံမည်မဟုတ် ဒါပေမဲ့လည်း
အလုပ်ကိစ္စ ဆိုတော့ ရောင်စဉ်လိုက်ဖို့
ဆုံးဖြတ်လိုက်သည်၊၊

"ဟုတ်ကဲ့ အဆင်ပြေပါတယ် ကိုခန့်ပိုင်
ဘယ်နေ့လောက် သွားချင်လည်း "

"ရောင်စဉ် အဆင်ပြေရင် မနက်ဖြန်
မနက်သွားကြတာပေါ့"

"ဟုတ်ကဲ့ အဆင်ပြေပါတယ် "

"ဒါဆို ကိုယ်လာခေါ်ပေးရမလား
ရောင်စဉ်ဆီကို "

"ရတယ်ဗျ ကျွန်တော်ပဲလာခဲ့လိုက်ပါ
မယ်"

ရောင်စဉ် မြင့်မြတ်ကိုဘယ်လိုပြော
ရမလဲ စိတ်အိုက်နေသည်။လူဆိုး
လေးကတစ်ဇွတ်ထိုး မထူးပါဘူး
လေမီးစဉ်ကြည့်ကရမှာပဲ
အလုပ်ကိစ္စုဆိုတော့လည်း....

-----------------------------Time skip
----------------

ရောင်စဉ် တို့အိမ်ရောက်ပြီး ရေမိုးချိုးကာထမင်းစားဖို့ပြင်လိုက်ပြီး နှစ်ယောက်
သားထမင်းအတူစားကြသည်။

ရောင်စဉ် မြင့်မြတ်ကိုဘယ်ကနေ
စပြောရမလဲ စဉ်စားနေမိသည်။

သက်​တန့်​ကို​ကျော်​၍Where stories live. Discover now