ဒေါ်ခင်ထားသွားတုန်းကနဲ့မတူ
ထော့နဲ့ထော့နဲ့ ပြန်လာတဲ့
သားနှစ်ယောက်ကိုကြည့်ကာ ဘာများ
ဖြစ်လာတာလဲလို့ စိုးရိမ်တကြီး
သွားကြည့်လိုက်သည်။"သားတို့ ဘာဖြစ်လာကြတာလဲ.."
မားမေးတာကို မဖြေနိုင်ပဲ
အိမ်ထဲဝင်၍
ဧည့်ခန်းမှာထိုင်လိုက်သည်။ဒေါ်ခင်ထားမေးတာကိုမဖြေပဲ
ဧည့်ခန်းထဲ အလျှင် ဝင်ထိုင်တဲ့
သားတော်မောင်နှစ်ယောက်ကို
ကြည့်ကာ ထက်မေးလိုက်သည်။"ဘာဖြစ်လာကြတာလဲ ...
သားမြင့်မြတ် ကရော
ဘာလို့ခုံပေါ်ကို အတည့်
မထိုင်ဘဲတစ်စောင်းထိုင်
နေရတာတုန်း..."" အဲ့ဒါ ကိုကိုကြောင့်ပေါ့!
ကိုကိုသာမပြေးရင် ဒီလို
ဖြစ်မှာမဟုတ်ဘူး"ထိုစဉ် ငြိမ်နေသည့်ရောင်စဉ်က
"အဲ့ဒါကတော့ ကြောက်တာကိုကွ
မင်းလည်းပြေးတာပဲလေ...""ကိုကိုကပြေးတော့ ရုတ်တရက်
ဆိုတော့ ကျွန်တော်လဲလိုက်ပြေး
တာပေါ့..."ဒေါ်ခင်ထားသူမမေးတာကို
အရေးမလုပ် ရှိတယ်လို့တောင်
မထင်နှစ်ယောက်သားငြင်းခုန်
နေကြသောကြောင့်..."ကဲ ..နှစ်ယောက်သားငြင်းလို့
ပြီးအုန်းမှာလား..မားမေးတာ
လဲဖြေပါအုံး...""ဟီး...ဟိုဟာ..မား
မြင့်မြတ် ...မြင်မြတ်
ခွေးကိုက်ခံရလို့""ဟင်!ဟုတ်လား ဘယ်လို
ဖြစ်ရတာလဲသားတို့ရယ်
..ဒေါ်ကြီးရေ
ဆေးသေတ္တာလေးယူခဲ့
ပေးပါအုံး တစ်ခါတည်း
အအေးလေးပါ
လုပ်ပေးပါအုံး"ဒေါ်ခင်ထားအတော်
စိုးရိမ်သွားသည်။ခွေး
ကိုက်ခံလိုက်ရတယ်
ကြားလိုက်ရတော့..
လူတွေကလည်း ချွေးတွေ
ကိုထွက်လို့မောနေပုံ
ပေါက်နေသည်။"ကဲ ဘယ်လိုဖြစ်တာလဲ
ပြောကြပါအုံး"မားကမေးတော့ မပြောရဲ
နှစ်ယောက်သား ခေါင်း
လေးငုပ်ထာကြသည်။ဒေါ်ကြီးနဲ့အေးပုံက
ဆေးသေတ္တာနဲ့အအေးခွက်လေး
ကိုင်ကာဝင်လာကြသည်။
ရောင်စဉ်နဲ့မြင့်မြတ် အအေး
ခွက်ကိုမြင်တော့ အရောင်လက်ကာ
အအေးခွက်ကိုယူ၍တစ်ချိုက်ထည်း
သောက်လိုက်ကြသည်။အအေး
သောက်ပြီမှရောင်စဉ်က ဖြစ်ကြောင်း
ကုန်စင်ပြောပြလိုက်သည်။
YOU ARE READING
သက်တန့်ကိုကျော်၍
Fantasyကိုကိုခင်ဗျားကကျွန်တော်အပိုင်ပဲ တခြားတစ်ယောက်ဆီသွာဖို့မကြံနဲ့ ကျွန်တော်ကဆိုးတယ် ဟုတ်တယ်အဲလိုဆိုးတာကလဲ ခင်ဗျားကိုချစ်လို့အဆုံးရှုံးမခံနိုင်လို့ မြင့်မြတ်မောင်# မောင် မင်းသိပ်ဆိုးတာပဲငါ့အပေါ်နောက်ပြီးငါ့ကိုသိပ်လွှမ်းမိုးလွ...