ဒီနေ့ရောင်စဉ်တို့ မိသားစုအလှုပ်ရှုပ်နေ
ကြသည်။ဘာလို့လဲဆိုတော့
အိမ်တတ်ပွဲအတွက်ချက်ပြုတ်နေကျလိုဖြစ်
သည်။ဘုန်းကြီးငါးပါးပင့်၍ အာရုံစွမ်း
ကပ်လိုက်သည်။ဒေါ်မြတ်မိုးတို့
မိသားစုကတော့ အစောလာ၍ကူညီပေး
သည်။ တရားနာပြီးမှ ဒေါ်မြတ်မို့တို့
့အလုပ်သွားကြသည်။ ဒါတောင်
မသွားသေးဘူးလုပ်နေလို့ အတင်းသွား
ခိုင်းရသည်။အခုအ်ိမ်နီးချင်း
တွေကိုကြက်ဆီထမင်းဝေ ဖို့ပဲကျန်တော့
တယ်....မြင့်မြတ်မောင်ကို
ရောင်စဉ်နဲ့အတူလိုက်ဝေပေးဖို
အကူညီတောင်း ထားသည်။မြင့်မြတ်မောင်တစ်ယောက်ဒီနေ့ အတော်
စိတ်ရှုပ်နေသည်။မနက်အစော ထားရ
သည့်အပြင် အခုအိမ်နားလူတွေကို
ကြက်ဆီ ထမင်းဝေဖို့ ကူညီပေးရ
အုံးမယ်..လူကြီးကအကူညီတောင်း
တာဆိုတော့ငြင်းလို့ မကောင်းဘူး
လေ...မလုပ်ပေးချင်တာတော့မဟုတ်
လမ်းထဲကလူတွေနဲ့ မဆက်ဆံချင်လို့
ဖြစ်သည်။သူဌေးရပ်ကွက်ဆိုတော့
သူ့ထက်ငါအပြိုင်အဆိုင်တွေ
ပေါသည်။ကိုယ့်ထက်သာလို
မကြည်တဲ့သူလဲ
ရှိတယ်တစ်ချို့ ကောင်းတဲ့သူတွေ
လည်းရှိမှာပေါ့... မြင့်မြတ်တွေ့
သမျှကတော့အပေါ်ယံတွေ
များတယ်။
အလိုဟန်ဆောင်းကောင်းတဲ့လူတွေ
နဲ့မြင့်မြတ် မပတ်သက်ချင်ပါ..
ထို့အကြောင်း.. ကြောင်းတို့ကြောင့်
မြင့်မြတ်မသွားချင် ခုတော့
လိုက်လုပ်ပေးရအုံးမယ်.....။"မြင့်မြတ် ကိုကိုတို့ ဒီအ်ိမ်ပြီးရင်
ဘယ်အိမ်သွားရအုံးမှာတုံး..."ကိုကိုလို့ နာမ်စားသုံးပြီး
ပြောလိုက်တဲ့ကိုကို့ ကိုကြည့်လိုက်
သည်။ ကိုယ်နဲ့မရင်းနှီးသေး
တော့ ကိုကိုလို့ခေါ်ရမှာ
ပါးစပ်ကမထွက်ပေမဲ့
သူကတော့ ပေါ့ပေါ့ပါးပါး
ပဲပြောတယ်..အဲတော့
ကိုယ်လဲ ဘာမပြောရဲ
စရာရှိလဲ....။"ဒီအိမ်ပြီးရင် မျက်စောင်းထိုးက
အိမ်ကိုသွားရမှာ အဲ့အ်ိမ်မှာ
လူပျိုကြီးတစ်ယောက်ထဲနေတာ
တဲ့.. ခွေးလည်းလည်းရှိတယ်...
ကိုကိုခွေးကြောက်လား...?""မကြောက်... ကြောက်ပါဘူး"
ရောင်စဉ်မကြောက်ဘူးသာပြောတာ
တကယ်တမ်းတော့ကြောက်တယ်
ကိုယ့်ထက်ငယ်တဲ့သူရှေ့မှာ
အရှက်မကွဲချင်လို့သာ
ပြောလိုက်တာ..။
YOU ARE READING
သက်တန့်ကိုကျော်၍
Fantasyကိုကိုခင်ဗျားကကျွန်တော်အပိုင်ပဲ တခြားတစ်ယောက်ဆီသွာဖို့မကြံနဲ့ ကျွန်တော်ကဆိုးတယ် ဟုတ်တယ်အဲလိုဆိုးတာကလဲ ခင်ဗျားကိုချစ်လို့အဆုံးရှုံးမခံနိုင်လို့ မြင့်မြတ်မောင်# မောင် မင်းသိပ်ဆိုးတာပဲငါ့အပေါ်နောက်ပြီးငါ့ကိုသိပ်လွှမ်းမိုးလွ...