Part-16🌈🌈Uni

60 4 0
                                    

"ကိုကို!! ကိုကို!
ကြီးမေ ကိုကိုရှိလား?"

"မရှိဘူး သားငယ်လေးရဲ့ 
ဒီနေ့ကျောင်းပိတ်လို့သူ့အမေ
နဲ့ဆိုင်လိုက်သွားလေရဲ့"

"အော် ဟုတ်အဆို သားပြန်လိုက်
အုံးမယ် "

"အေးကွယ်အေး "

မြင့်မြတ် ဘယ်လိုလုပ်ရမှန်းမသိ
ဖြစ်နေသည် ကိုကိုကပြသာနာဖြစ်ပြီး
ကတည်းက ရှောင်နေသည်။
ကျောင်းသွားတွေ့တော့လည်း
မတွေ့ အိမ်ကျပြန်တော့လည်း
တီလေးနောက်လိုက်သွားတာနဲ့
မတွေ့ရဘူး...ကိုကိုဒီလိုဆက်
လုပ်နေရင်ကျွန်တော်ရူးသွားလိမ့်
မယ်...ကျွန်တော့်ကိုအခွင့်ရေးလေး
ပေးပါအုံး...

မြင့်မြတ်စိတ်ညစ်ကာခေါင်းစိုက်၍
အိမ်ပြန်လာခဲ့သည်..အိမ်ထဲ
ဝင်ဝင်ချင်းမှာပဲ

"ခွပ်!!"

"ကို!!"

မြင့်မြတ်အထိုးခံလိုက်ရ၍ နောက်သို့
ယိုင်သွား၍လဲကျမလိုဖြစ်ကာပြန်ထိန်း
လိုက်သည်ထိုနောက်ဒယ်ဒီကိုကြည့်
လိုက်သည်ဘာကြောင့်သူ့ကိုထိုးရတာလဲ

"ကို ကလေးကိုဆုံးမတာလက်မပါပါနဲ့
မြတ်မကြိုက်ဘူး "

မာမီကကျွန်တော်အနားသို့လာကာ
မျက်နှာပေါ်ကဒဏ်ရာကိုကြည့်၍
ဒယ်ဒီအားပြောလိုက်သည်ေ။

"မင်းသားလုပ်ပုံကိုကြည့်အုံးလေ"

ဒယ်ဒီ ဒေါသအလွန်ထွက်နေသည်
စကားစလုံးများကတင်းမာနေသည်။

"မြတ်သားကို သေချာမေးပါအုံးမယ်"

"သား ကျောင်းမှာလာကမ်းလှမ်းတဲ့
ကနေဒါက ဘောလုံး
training ဆရာကိုသားလက်ခံလိုက်
ဖို့စဉ်းစားနေတယ်ဆို ဟုတ်လား"

အကြောင်းရင်းကဒါကြောင့်လား
ဒယ်ဒီထွက်ပြီးကျွန်တော့်ပေါ်
ကိုယ်ထိလက်ရောက်လုပ်လိုက်တာ

"ဟုတ်တယ် မာမီ ဒါသားရဲ့
အခွင့်ရေးပဲ သူတို့ဘက်ကကမ်း
လှမ်းတယ်ဆိုတာရှားတယ်
သားရည်စွမ်းဆောင်ရည်ကို သဘောကျ
လိုခုလိုကမ်းလှမ်းတာ သားကိုခွင့်ပြုပေး
ပါလား "

"ငါလက်မခံနိုင်ဘူးမြင့်မြတ် မင်းကို
နိုင်ငံခြားမှာကျောင်းတတ်ဖို့ငါစီစဉ်
ထားပြီးပြီ မင်းရဲ့ဘာမဟုတ်တဲ့
စိတ်ကူးယဉ်ဆန်မှုတွေကို
လက်မခံနိုင်ဘူး "

သက်​တန့်​ကို​ကျော်​၍Where stories live. Discover now