part-1 🌈🌈Zaw

768 25 0
                                    

သာယာကြည်​နူးစွာ နိုးထ​နေကြဖြစ်​သော မနက်​ခင်းမှာ ဒီ​နေ့မှဆူညံ​နေသလိုပဲ
မြင့်မြတ်​မောင်​ဆူညံသံ​ကြောင့်​မျက်​နှာကအလိုမကျမှုနဲ့အတူ အိပ်​ယာ​ပေါ်မှ
ထထိုင်​ကာ ထိုဆူညံသံကို ဝရန်​တာမှ
ထွက်​ကြည့်​လိုက်​တယ်

"အိမ်​သစ်​ပြောင်းလာကြတာနဲ့တူတယ်​အိမ်​ပြောင်းတာကို အသာအယာ မလုပ်​ဘူး ဆူညံဆူညံနဲ့ အာ​ရုံ​နောက်​လိုက်​တာ"

ထိုသို့​ပြော​နေ​သော​ကောင်​လေးမှာ
အသက်​အားဖြင့်​၁၃နှစ်​သာရှိ​သော
ကောင်​လေးတစ်​ယောက်​သာဖြစ်​သည်​။
ုကြည့်​နေရင်းနဲ့သူ၏အာရုံကိုဖမ်​စား​သော
အရာကို​တွေ့လိုက်​တယ်​အဲ့ဒါက​တော့
သူ့ထက်​ကြီးမယ်​လို့ထင်​ရ​သောဖြူဖြူ​ဖွေး​ဖွေး​ကောင်​လေးတစ်​ယောက်​ကို​တွေ့လိုက်​တယ်

"စိတ်​ဝင်​စားစရာပဲ "

ကိုယ်​တိုင်​တောင်​မသိဘဲ​ပြောထွက်​သွားတဲ့စကားလုံးကို​ကောင်​လေးက​တော့
သတိထားမိလိုက်​မယ်မထင်​ဘူး

ရေချိုးခန်းထဲဝင်​ပြီးသွားတိုက်
မျက်​နှာသစ်​ပြီး​အောက်​ထက်​ကို
ဆင်းလာခဲ့တယ်
ထမင်းစားခန်းထဲဝင်လိုက်​တော့ ဒယ်ဒီက​မန​က်​စာစားဖို့​စောင့်​နေတယ်
ကျွန်​တော့်​က​ဒယ်ဒီဦးမျိုးမြင့်ဦး
မာမီ​မြတ်​မြတ်​မိုးတို့၏ တစ်​ဦးတည်း​သော
သားမြင့်​မြတ်​မောင်​ဖြစ်​ပါတယ်​။

Y&Z Companyပိုင်​ရှင်​ဖြစ်​ပြီးမြန်​မာနိုင်​ငံ
ရဲ့Top 3ဝင်​သူ​ဌေး​ပေါ့ မာမီက​တော့
အရိုး​ကြောအထူးကုဆရာဝန်​မကြီး
ကျွန်​တော်​က​တော့ဒယ်​ဒီနဲ့လည်းမတူ
မာမီနဲ့လည်းမတူတဲ့ဂျစ်​တစ်​တစ်
ကောင်​လေးတစ်​ယောက်​ပေါ့

"သား​တောင်​ဆင်းလာပြီလား လာ
တစ်​ခါတည်းစားလိုက်​တော့ သားဒယ်​ဒီ​တောင်​ရုံးမသွားရ​သေးဘူး"

မာမီကမနက်​စာပြင်​ပေးရင်း​ပြောလိုက်​တယ်

"မာမီသားဖို့ ဒီ​နေ့ဘာလုပ်​ထားတာလဲ"

"လုပ်​ထားပါတယ်​တော်​သားအကြိုက်
ြ​ကီးမြ​ရေ သားအတွက်​မြီးရှည်​ထည့်​ပေးပါအုံး"

သက်​တန့်​ကို​ကျော်​၍Where stories live. Discover now