Part-12🌈🌈Zawgyi

56 9 0
                                    

ရောင်စဉ်တို့  စာမေးပွဲဖြေဖို့အတွက်နီးလာပြီဖြစ်သည်။မြင့်မြတ်တို့ကပြီးလို့
Holidayရနေပြီဖြစ်သည်။ရောင်စဉ်
ကတော့စာအုပ်ပုံထဲခေါင်းနှစ်ကာစာ
လုပ်နေရသည်။ကျောင်းကလည်းပိတ်
ထားပြီဖြစ်သည်။ကျောင်းကအစောပိတ်
လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ စာလုပ်
ဖို့အတွက်အချိန်ပိုရအောင် ကျောင်းသား
မိဘတွေကတောင်းဆိုတာကြောင့်
ကျောင်းအုပ်ကြီးကခွင့်ပြုလိုက်ခြင်း
ဖြစ်သည်။ရောင်စဉ်လဲ အိမ်မှာ အနီး
ကပ်နှစ်လGuideခေါ်ကာစာများလုပ်
နေရသည်။မားတို့ကလည်းဂရုတစိုက်
လုပ်ပေးသည်။

ရောင်စဉ်အခန်းထဲစာလုပ်နေရင်း
မြင့်မြတ်ကိုသတိရသွားသည်။
အိမ်ကိုချောင်းပေါက်မတတ်လာတဲ့သူက
ဒီနေ့ တစ်ခေါက်မှအိမ်မရောက်လာပါ။
အသံမကြားရတော့လည်း တခုခုလို
နေသလိုပဲ အမြဲဘေးမှာ စကားတွေပွစိ
ပွစိပြောတတ်အဖိုးအိုပေါက်လေးလိုပဲ
ကိုကိုဒါမလုပ်ရဘူး..ကိုကိုဒါမစားရဘူးနဲ့
ကျောင်းပိတ်ပြီဆို့တော့ သူငယ်ချင်းတွေနဲ့
လျှောက်လည်နေလားမသိဘူး မြင့်မြတ်
အကြောင်းတွေနေဆုံးအပြင်ဘက်က
တံခါးခေါက်သံကြောင့် အတွေးကို
ရပ်လိုက်ရသည်။

"ဒေါက်!! ဒေါက်!!! "

"ကြီးမေလား တံခါးဖွင့်ထားတယ်
ဝင်ခဲ့လေ"

ဝင်လာတဲ့သူကတော့ ကိုယ်တွေးနေတဲ့
သူဖြစ်နေတယ်။

"ဟင်! မြင့်မြတ် အဝတ်အိတ်ကြီးနဲ့
ဘယ်သွားမို့လဲ "

"ဘယ်မှမသွားဘူး ကိုကိုဆီပဲလာတာ"

မြင့်မြတ်အဝတ်အိတ်ကိုချကာ ကုတင်ပေါ်
တတ်ထိုင်လိုက်သည်။

"ကိုကိုဆီကို..အဝတ်ထုပ်ကြီးနဲ့
ဘာလဲတီမြတ်ကအိမ်ပေါ်ကနှင်ချ
လိုက်လို့လား"

ပြောရက်လိုက်တာကိုကိုရယ်
ရှေ့ဆက်ပြေမဲ့စကား
နင်သွားတယ်.. ကိုကိုငတုံးလေးရယ်..

"ဘယ်ကအိမ်ကနင်ချရမှာလဲကိုကိုရယ်
ကိုကိုကစာတွေလုပ်နေရတာဆိုတော့
ကိုယ့်ကိုယ်ဂရုမစိုက်မှာစိုးလို့
ကျွန်တော်ကအဝတ်အိတ်နဲ့ရောက်
လာတာ ကိုကိုစာမေးပွဲဖြေပြီးတဲ့ထိ ကိုကိုနဲ့နေမို့..."

သက်​တန့်​ကို​ကျော်​၍Where stories live. Discover now