Part 5

1.7K 107 5
                                    

Zawgyi
"တော်သေးတာပေါ့ ကိုယ်တော်ချောလေးဆင်းလာသေးလို့ မင်းအိမ်မှာတည်းကပေါက်ပေါက်ဖောက်ချင်နေတာ နေပါဦးဒါနဲ့...ဟင်......မင်းတို့နှစ်ယောက်ကဘာတွေလား???အကျီဆင်တူနဲ့......."
ဟောက်ရွမ်းမယုံသင်္ကာ‌‌ကြည့်ပြီးပြောမှ ရိပေါ်ရောရှောင်းကျန့်ရောသတိထားမိတော့သည်။
အကျီကအပေါ်ထပ်ဝတ်ထားတဲ့လက်ရှည်အပြာအစင်းကိုမှလက်ခေါက်တင်ထားတယ် အထဲကအကျီအဖြူကအစတူနေတာ ရိပေါ်လည်းဟောက်ရွမ်းအမေးကို ရှောင်းကျန့်ပုခုံးကိုဆက်ခနဲ ဆွဲဖက်ပြီး


"တူမှာပေါ့ ငါတို့နှစ်ယောက်က စိတ်ချင်းနီးစပ်နေတာ ဟုတ်တယ်မလား ရှောင်းကျန့်"
ရှောင်းကျန့်လည်း ရိပေါ်ကိုမျက်စောင်းထိုးကာ ပုခုံးပေါ်ကလက်ကိုဖယ်ပြီး


"မင်းတို့ဘာနေ့သားတွေလဲ???အရမ်းစကားများတာပဲ မြန်မြန်လျောက် ပြမယ့်ချိန်နီးနေပြီး"
သုံးယောက်သား လမ်းခပ်သွက်သွက်လျောက်ကာ ကားလမ်းကူးဖို့ကားမရှင်း‌သေးတာနဲ့စောင့်နေသည်။
ကားရှင်းပြီးဆိုတာနဲ့ရှောင်းကျန့်ဖြတ်ကူးချိန် နောက်မှကားကအလာ ‌


"ရှောင်းကျန့်!!!!!!"
ရိပေါ်‌အော်လည်း‌အော်ရှောင်းကျန့်နားကိုဘယ်လို‌ရောက်သွားမှန်းမသိ‌ရှောင်းကျန့်လက်ကိုဆောင့်ဆွဲကာ ရင်ခွင်ထဲသို့ဖက်ထားလိုက်သည်။
ပတ်ဝန်းကျင်ကလူ‌တွေကလည်းကွက်ကြည့် ကွက်ကြည့် ရိပေါ်ပတ်ဝန်းကျင်ကိုဂရုမစိုက် ‌ရှောင်းကျန့်ကိုဖက်ထားရာမှခွာကာ ရှောင်းကျန့်လက်ကိုဆွဲပြီးကားလမ်းကူးလာလိုက်သည်။

ပြီးနောက်ရှောင်းကျန့်တစ်ကိုယ်လုံးကို လှည့်ပတ်ကြည့်ကာ စိုးရိမ်တကြီးဖြင့်


"ရှောင်းကျန့် ဘယ်‌နားထိသွားသေးလဲ???အရမ်းလန့်သွားလား???ဘာလို့ကားလမ်းကိုဖြတ်ပြေးရတာလဲကွာ... မင်းတစ်ခုခုဖြစ်ရင်ငါရင်ကျိုးမှာ"
ရှောင်းကျန့်လည်း


"ရိ..ရိပေါ် ငါဘာမှဖြစ်ဘူး ကားတွေရှင်းပြီးဆိုပြီးကူးလိုက်တာ မင်းကိုစိတ်ပူအောင်လုပ်မိတဲ့အတွက်တောင်းပန်ပါတယ်"
ရိပေါ် ရှောင်းကျန့်ကိုဘာမှမပြောတော့ပဲ စိုက်သာကြည့်နေလိုက်သည်။


Please love once in my lifetime 💚❤️(Completed)Where stories live. Discover now