Part 40

736 25 6
                                    

Zawgyi
ဝမ်မိသားစုရယ်ရှောင်းမိသားစုရယ် မိသားစုနှစ်စုစိတ်အပန်းဖြေရန် ပင်လယ်ကမ်း‌ခြေသို့ခရီးထွက်ကြသည်။
ရှောင်းကျန့်ကတော့ ထုံးစံအတိုင်းအကျီပါးလေးကိုဂျင်းဘောင်းဘီဒူးပြဲလေးထဲထည့်ဝတ်ထားပြီးအပေါ်ကနေအကျီအရှည်ဂျင်းပြာလေးကို လက်နည်းနည်းခေါက်တင်၍ဝတ်ထားသည်။
ရှောင်းကျန့်တို့မိသားစုထွက်လာတော့ အိတ်တွေကိုဝမ်ပါးကဝိုင်းသယ်ပေး၍ ကားထဲထည့်နေသည်။
ဝမ်မားနဲ့ရှောင်းမားကလည်း ဘာတွေပြောပြီးရယ်နေမှန်းမသိ... ရိပေါ်လည်းရှောင်းကျန့်နားသွား၍ နားနားကပ်ကာ

"ဒီနေ့ကို့အချစ်လေး အရမ်းတွေချောနေတယ်..."
ရှောင်းကျန့်မသိမသာတံ‌တောင်နဲ့တွတ်၍ ရိပေါ်ကိုမျက်‌စောင်းထိုးလိုက်သည်။
ဝမ်မားမှ

"တို့တွေအတူထိုင်ကြမယ်နော် ညီမလေးရှောင်း..."

"ဟုတ်အမဝမ်...ရှင်ကကားမောင်းမှာဆိုတော့ အကိုဝမ်နဲ့ပဲထိုင်လိုက်တော့..."
ပြောပြီး ကားပေါ်တက်သွားတဲ့ဝမ်မားနဲ့ရှောင်းမား ရိပေါ်ကလည်းအားကျမခံ

"ပါး ကျွန်တော်ရှောင်းကျန့်နဲ့တူတူထိုင်မှာနော်..."
ပြောကာ ရှောင်းကျန့်လက်ကိုဆွဲ၍ တက်သွားတဲ့သားဖြစ်သူကို ဝမ်ပါးပါးစပ်လေးအဟောင်းသားနဲ့ကြည့်နေသည်။
မကြာမီ ကားထွက်တော့ သီချင်းဖွင့်ပြီး ရှောင်းပါးနဲ့‌ဝမ်မားကလိုက်ဆို ဝမ်မားနဲ့ရှောင်းမားကမုန့်တွေစားလိုက်ရယ်လိုက်ဖြင့်...

ရိပေါ်ဘေးကိုကြည့်တော့ သူ့အချစ်လေးက ပြတင်းပေါက်‌ဘက်မျက်နှာမူ၍ မျက်လုံးလေးမှိတ်ပြီး ပြုံးနေသည်။
ရိပေါ်မှ

"အချစ် အိပ်ချင်ရင်ကို့ပုခုံးပေါ်မှီအိပ်နော်..."
ရိပေါ်ပြောတော့ ရှောင်းကျန့်လှည့်ကြည့်ပြီး ခေါင်းငြိမ့်ပြသည်။
ရိပေါ်မကျေနပ်သေး(ဝမ်တော်တော်ဖစ် ကောဆီက attentionလိုချင်နေတာပါ😑)
ရိပေါ် သူတပ်ထားတဲ့ နားကြပ်တစ်ဖက်ကိုဖြုတ်ပြီး ရှောင်းကျန့်ကိုတပ်ပေးလိုက်သည်။ရှောင်းကျန့်အလန့်တကြားကြည့်တော့

"အချစ် ကို့ပုခုံးကဘာလုပ်ဖို့ထားတာလဲ???"
ရိပေါ်မျက်နှာကြီးဆူပြီးပြောတော့ ရှောင်းကျန့် မျက်လုံးလေးတွေမှိတ်သည်အထိပြုံးလိုက်၍

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now