Zawgyi
"ရိပေါ် ဒါဘယ်လိုဖြစ်တာလဲ???သံစဉ်ဖြင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ..."ရိပေါ်တစ်ယောက်တည်းစားပွဲခုံပေါ် ခေါင်းမှောက်အိပ်နေစဉ် သံစဉ်ရောက်ချလာပြီး ဖုန်းထဲက ရိပေါ်နဲ့သူ့ပုံပြပြီး ရိပေါ်ကိုမေးနေသည်။ရိပေါ်ဖြေသံမကြားတာကြောင့် သံစဉ် ရိပေါ်လက်ကိုဆွဲပြီး လူမရှိတဲ့နေရာသို့ ခေါ်လာလိုက်သည်။"ရိပေါ်...အဲ့လိုကြီးမတိတ်ဆိတ်နေနဲ့လေ...သံစဉ် ခုဘာလုပ်ရမလဲ???သံစဉ်သူငယ်ချင်းတွေကလည်းမေးနေပြီး နောက်ပြီး တီလေးကပါ...မေးနေတယ်...သံစဉ်တော့ စိတ်ညစ်တာပဲသိတယ်...ပြီးတော့ ရိပေါ်နဲ့သံစဉ်က တကယ့်ချစ်သူတွေလည်းမဟုတ်ဘူး ဟန်ဆောင်ထားကြတာ...တကယ့်ချစ်သူတွေဆိုရင်လည်း တစ်ကျောင်းလုံးကို ဟုတ်တယ်လို့ဖြေလို့ရတယ်...ခုဟာက...ရိပေါ် သံစဉ်ဘက်ကိုတစ်ချက်လောက်တွေးပေးပါဦး...သံစဉ်က မိန်းကလေးလေ..."ရိပေါ် စိတ်ရူပ်ရူပ်နဲ့ဆံပင်ထိုးဖွလိုက်ပြီး
"ဟုတ်ပြီး ဒီတိုင်းပဲဟန်ဆောင်နေလိုက်တာကောင်းတယ်...ပြောနေတဲ့သူတွေ သူတို့မောရင်ပိတ်သွားလိမ့်မယ်...အခု ငါ့သူငယ်ချင်းတွေပါ သိကုန်တာဆိုတော့ သူ့တို့ကိုလည်း ဆက်ပြီးလိမ်ရမှာပဲ...မင်းနဲ့ငါ ရည်းစားပုံစံမျိုးပေါ့ တစ်ကျောင်းလုံးကိုတော့ မဟုတ်ပဲမပြောနိုင်ဘူး...မင်းအဆင်ပြေလား...အဆင်မပြေလည်း ဟန်ဆောင်တဲ့အကြောင်း အကုန်လုံးကိုဖွင့်ပြောပြလိုက်ရုံပဲ...ငါလည်း ဒါပဲတတ်နိုင်တော့တယ်..."
"ရတယ်...ရိပေါ်...သံစဉ် အဆင်ပြေတယ်...ရှောင်းကျန့်နဲ့ဟောက်ရွမ်းကိုတော့ ပြောပြမှာမလား သံစဉ်နဲ့ရိပေါ်နဲ့က ရည်းစားတွေဆိုတာ..."ရိပေါ် ခေါင်းငြိမ့်ပြီး ထွက်လာလိုက်သည်။သံစဉ်ကတော့ အပျော်တွေဖုံးဖိမရ...
*အဟက် တစ်ကျောင်းလုံးသိအောင် ပြောချင်ပါသော်လည်း...ရပါတယ်...ရှောင်းကျန့်သိရင်ပဲ အဟက်...ရှောင်းကျန့်ရယ်...ခံစားလိုက်စမ်း...ရှင် ဒီထက်ပိုခံစားရအောင် ထပ်လုပ်ပြမယ်...စောင့်ကြည့်နေလိုက်...*
.
.
.ရိပေါ် ကျောင်းခန်းထဲရောက်တော့ ရှောင်းကျန့်နဲ့ဟောက်ရွမ်းကရယ်ရယ်မောမောနဲ့စကားပြောနေကြသည်။ရိပေါ်စိတ်ထဲတွင်
*ရှောင်းကျန့် မင်းတကယ်ပဲ ဘာမှမခံစားရဘူးလား...မင်းတကယ်ပဲ ငါ့ကိုစိတ်ထဲမရှိဘူးလား...*ရိပေါ် တွေးပြီး ရှောင်းကျန့်နားရောက်တော့ ရှောင်းကျန့်က ရိပေါ်ကိုအလှဆုံးပြုံးပြသည်။ရိပေါ် ရှောင်းကျန့်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေချိန် ဘယ်ချိန်ထဲကရောက်နေမှန်းမသိ သံစဉ် ရိပေါ်လက်ကို ချိတ်လိုက်သည်။
YOU ARE READING
Please love once in my lifetime 💚❤️(Completed)
CasualeZawgyi ငါလူတစ်ယောက်ကို မုန်းပြီးဆိုရင် အဲ့လူက ငါ့အတွက်တော့ သေလူပဲ....ငါချစ်တဲ့မင်းကိုမုန်းချင်တယ်...ဒါမယ့် မုန်းလို့မရခဲ့ဘူး... Xiao Zhan ငါမင်းကိုသဝန်တိုတယ် ရှောင်းကျန့် ကုန်ကုန်ပြောရရင် မင်းကိုတိုက်နေတဲ့လေကအစ ငါသဝန်တိုတယ်..... Wang Yibo သုံးရက်တစ...