Zawgyi
"သူငယ်ချင်းနိုးပြီလား???"
ရှောင်းကျန့်အပျင်းကြောဆန့်နေတုန်း ရေချိုးခန်းအပေါက်ဝမှာရပ်နေတဲ့ရိပေါ်မေးလိုက်ခြင်းဖြစ်သည်။ရှောင်းကျန့်အလန့်တကြား ငုတ်တုတ်ထထိုင်၍"အင်း နိုးပြီ"
"ဒီနေ့အလုပ်ပိတ်ရက်ဆိုတော့ ငါတို့တွေလျောက်လည်ရအောင်"
"ငါမသွားချင်ဘူး"
"မရဘူးလေ မင်းနဲ့ငါသဘောတူထားတဲ့အထဲမှာ အချိန်မရွေးတွေ့ချင်တဲ့အချိန် တွေ့ဆုံလို့ရတယ်လို့ပါတယ်လေ ဘာလဲ???မင်းကတိဖျက်မို့လား ဒါမှမဟုတ် ငါနဲ့သူငယ်ချင်းလိုမနေချင်ပဲချစ်သူရည်းစားလိုနေချင်လို့လား???"
ရိပေါ်ပြီတီတီမေးတော့ ရှောင်းကျန့်မသိမသာယုန်သွားနဲ့အံ့ကြိတ်ပြ၍"ပြီးရော လိုက်ခဲ့မယ် ရူပ်ကိုရူပ်တယ်"
ရှောင်းကျန့်ပွစိပွစိပြောပြီး ရိပေါ်ကိုအမြင်ကပ်ပုဒ်မနဲ့ပုခုံးချင်းဝင်တိုက်ကာရေချိုးခန်းထဲဝင်သွားသည်။
ရိပေါ်ပြုံး၍ အတွေးထဲနစ်မျောနေသည်။
*ဘယ်သူတွေရှေ့မှာဘယ်လောက်ပဲပြောင်းလဲပြောင်းလဲ မင်းကငါ့မျက်လုံးထဲမှာတော့ အရင်လိုချစ်ဖို့ကောင်းနေတုန်းပဲ*
မကြာခင် ရှောင်းကျန့်ထွက်လာပြီးပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ကုတင်ပေါ်မှာထိုင်နေတဲ့ရိပေါ်ကိုလှည့်ကြည့်ကာ"သွားစို့"
ရိပေါ် ရှောင်းကျန့်ကိုစိုက်ကြည့်ပြီး ပါးစပ်ကနေလွှတ်ခနဲထွက်သွားသည်။"မင်းအရမ်းလှတယ်ရှောင်းကျန့်"
"အဟမ်း သူငယ်ချင်းနော် သူငယ်ချင်း"
ပြောပြီး ရိပေါ်ကိုမစောင့်ပဲအောက်ထပ်ဆင်းသွားသည်။"အယ် မားသားလေးတွေနိုးလာကြပြီ မားမနက်စာပြင်ထားတယ် လာစားကြ"
"ပါး morning"
"Morningပါ သားတို့"
"ဝမ်လေး ကျန့်ကျန့်သားဆီမှာအလုပ်လုပ်တာဘယ်လိုလဲ???အဆင်ပြေရဲ့လား"
"ဟုတ်ပြေပါတယ် ရှောင်းပါး"
"သားကျန့် ဝမ်လေးရဲ့စကားနားထောင်ပြီးသေချာသင်ယူနော်"
"ဟုတ်ကဲ့ပါပါးကလည်း"
"အေးပါ ကဲ မိန်းမယောက်ျား သွားတော့မယ်
သားတို့ပါးသွားပြီနော်"
YOU ARE READING
Please love once in my lifetime 💚❤️(Completed)
CasualeZawgyi ငါလူတစ်ယောက်ကို မုန်းပြီးဆိုရင် အဲ့လူက ငါ့အတွက်တော့ သေလူပဲ....ငါချစ်တဲ့မင်းကိုမုန်းချင်တယ်...ဒါမယ့် မုန်းလို့မရခဲ့ဘူး... Xiao Zhan ငါမင်းကိုသဝန်တိုတယ် ရှောင်းကျန့် ကုန်ကုန်ပြောရရင် မင်းကိုတိုက်နေတဲ့လေကအစ ငါသဝန်တိုတယ်..... Wang Yibo သုံးရက်တစ...