Part 6

1.6K 92 0
                                    

Zawgyi
အေးချမ်းသာယာတဲ့မနက်ခင်း‌မှာ ရှောင်းကျန့်ကျောင်းသွားဖို့ ပြင်ဆင်နေသည်။ပြင်ဆင်ပြီးတာနဲ့ ထုံးစံအတိုင်းရိပေါ်အိပ်ပုပ်ကို သွားခေါ်ဖို့ ထွက်သွားသည်။ရှောင်းကျန့် အိမ်ထဲသို့ဝင်လာလိုက်ပြီး ရိပေါ်မားကိုနှုတ်ဆက်ပြီး အပေါ်ထပ်သို့တက်လာလိုက်သည်။အခန်းတံခါးခေါက်ပြီး ဝင်လာလိုက်သည်။ရိပေါ်ကုတင်တွင်ရှိမနေ ရှောင်းကျန့်‌လှည့်ပတ်ရှာနေတုန်း ရေချိုးခန်းထဲကထွက်လာတဲ့ရိပေါ် ရှောင်းကျန့်ကိုတွေ့တော့


"ရှောင်းကျန့် ရောက်နေတာကြာပြီလား"ရှောင်းကျန့်အသံကြားလို့လှည့်ကြည့်လိုက်ချိန် ရှောင်းကျန့်မျက်လုံးဝိုင်းစက်သွားကာ ပါးစပ်အဟောင်းသား ရိပေါ်ခါးမှာတဘက်လေးတစ်ထည်သာပတ်ထားပြီး ခေါင်းကိုရေသုတ်နေတဲ့ရိပေါ်ပုံစံက အရမ်းကိုsexyကျနေသည်။ရှောင်းကျန့်ကြောင်ကြည့်နေစဉ်


"အဟမ်း ရှောင်းကျန့် အဲ့လောက်မကြည့်နဲ့လေ ငါ့bodyကိုကြွေသွားတာလား???"ရှောင်းကျန့်ကြည့်နေရင်းမှ ရိပေါ်ကိုကျောပေးကာ


"ရိပေါ် စကားများမနေနဲ့ အမြန်လုပ် ကျောင်းနောက်ကျတော့မယ် ငါအောက်ထပ်မှာပဲစောင့်တော့မယ်"


"ရှောင်းကျန့် နေပါဦးဟ ငါ့ကိုခေါင်းမသုတ်ပေးချင်ဘူးလား???"ရှောင်းကျန့်မသိမသာသက်ပြင်းတစ်ချက်ချပြီး


"ပြီးရော ပေး အလုပ်ကိုရူပ်နေတာပဲ"


"အချစ်ကလေးကလည်း ငြိုငြင်တာလားပြော"ရှောင်းကျန့်ရိပေါ်ကိုလက်ခလယ်သာထောင်ပြလိုက်သည်။ရှောင်းကျန့် ကုတင်ပေါ်မှာထိုင်၍ရိပေါ်ကတော့ကုတင်အောက်မှာထိုင်ကာ ရှောင်းကျန့်ပေါင်ပေါ်ခေါင်းအုံးကာဇိမ်ခံနေသည်။


"လဒလေး ရပြီ ခေါင်းအုံးထားတာခြေထောက်တောင်ကျဉ်တယ် ထတော့ မြန်မြန်လုပ်တော့"ရိပေါ်လည်းပြင်စရာရှိတာမြန်မြန်ပြင်ဆင်လိုက်သည်။ပြင်ဆင်းပြီးတာနဲ့ ဝမ်မားပြင်ထားတဲ့မနက်စာစားပြီးကျောင်းသွားတော့သည်။‌ကျောင်းခန်းထဲဝင်တာနဲ့ ဟောက်ရွမ်းတစ်ယောက် ကျောင်းနောက်ကျလို့ပေါက်ပေါက်ဖောက်နေသည်။ပေါက်ပေါက်ဖောက်နေတဲ့ဟောက်ရွမ်းကိုရှောင်းကျန့်လွယ်အိတ်ထဲက lollipop တစ်လုံးကိုနှိုက်ကာ ဟောက်ရွမ်းပါးစပ်ထဲသို့ထည့်လိုက်ပြီး


Please love once in my lifetime 💚❤️(Completed)Where stories live. Discover now