Zawgyi
မျန်မျန်သူငယ်ချင်းတစ်ယောက်နဲ့ချိန်းထားတာမို့ ဆိုင်တစ်ဆိုင်တွင်ကော်ဖီထိုင်သောက်နေတုန်း ဆိုင်ထဲသို့သံစဉ်ဝင်လာတာကိုတွေ့၍ လှမ်းခေါ်မလို့ရှိသေး သံစဉ်အနောက်ကနေခပ်ချောချောကောင်လေးတစ်ယောက်ပါလာပြီး အဲ့ကောင်လေးနဲ့လည်းရယ်နေလိုက်ကြတာ ပါးစပ်နားရွက်တက်ချိတ်မတတ်ကိုဖြစ်လို့...
မျန်မျန်တိတ်တိတ်လေးအကဲခတ်နေတုန်း သံစဉ်ကရယ်ပြီးအဲ့ကောင်လေးရဲ့ပါးကိုလိမ်ဆွဲတာလည်းမြင်ရော မျန်မျန်တစ်ယောက်သံစဉ်နားဘယ်လိုရောက်လို့ရောက်မှန်းသူ့ကိုယ်တိုင်ပင်မသိ..."သံစဉ်နင်ဘာအချိုးချိုးတာလဲ???နင်ပြောတော့ ငါ့ကိုချစ်လှပါချည်ရဲ့ ကြိုက်လှပါချည်ရဲ့ဆို အခုတော့စကီလေးတစ်ယောက်နဲ့ မိုးမမြင်လေမမြင်ကိုဖြစ်လို့ပါလား"
"ဟမ်!!!baby ဘာပြောတာ မ နားမလည်..."
သံစဉ် ရုတ်တရက်ရောက်ချလာပြီး ဒေါကြီးမောကြီးဖြင့်ပြောနေသောမျန်မျန်ကိုကြည့်၍ ပြောလိုက်သည်။
မျန်မျန်ခါးထောက်၍"အခုမှမုန်လာဥ မလုပ်ချင်စမ်းပါနဲ့ ဒီမှာစကီလေး"
"ဗျာ ကျွန်တော်ကိုပြောတာလား???"
ထိုကောင်လေးမှသူ့ကိုယ်သူလက်ညှိုးထိုးပြတော့ စစ်သေနတ်ပစ်သကဲ့သို့မရပ်မနား
ရန်တွေ့နေသောမျန်မျန်ရယ်ပါ..."ဟုတ်တယ် သံစဉ်ကယောက်ျားလေးတွေစိတ်မဝင်စားဘူး ပြီးတော့တို့ကိုချစ်ခွင့်ပန်ထားတာ တို့လည်းသူ့ကိုဒီနေ့အဖြေပေးဖို့စဉ်းစားထားတယ် အဲ့လောက်ဆိုသိလိုက်တော့"
"အာ...ကျွန်တော်သိပါတယ် မမရဲ့ကောင်မလေးဆိုတာ မမဓာတ်ပုံပြဖူးတယ်"
ထိုကောင်လေးပြုံးစိပြုံးစိနဲ့ပြောတော့ မျန်မျန်မျက်လုံးလေးပြူးသွားကာ"ဘာ!!!မမ???"
သံစဉ်ရယ်လိုက်ပြီး မျန်မျန်ပုခုံးကိုကိုင်၍ထိုင်စေလိုက်သည်။"ထိုင်ပါဦးbabyရယ် ဒါ မ ရဲ့မောင်လေး အရင်းတော့မဟုတ်ဘူး တစ်ဝမ်းကွဲ"
"ဟမ်...မောင်...မောင်လေးဟုတ်လား"
မျန်မျန်ခေါင်းလေးငုံ့ကျသွား၍ သူ့ခေါင်းသူထု၍
*မျန်မျန်ရေ နင်ကတော့လုပ်လိုက်ရင်တလွဲ ရှက်လိုက်တာ*
YOU ARE READING
Please love once in my lifetime 💚❤️(Completed)
RandomZawgyi ငါလူတစ်ယောက်ကို မုန်းပြီးဆိုရင် အဲ့လူက ငါ့အတွက်တော့ သေလူပဲ....ငါချစ်တဲ့မင်းကိုမုန်းချင်တယ်...ဒါမယ့် မုန်းလို့မရခဲ့ဘူး... Xiao Zhan ငါမင်းကိုသဝန်တိုတယ် ရှောင်းကျန့် ကုန်ကုန်ပြောရရင် မင်းကိုတိုက်နေတဲ့လေကအစ ငါသဝန်တိုတယ်..... Wang Yibo သုံးရက်တစ...