Part 7

1.5K 97 0
                                    

Zawgyi
ဟောက်ရွမ်းနဲ့ရှောင်းကျန့် Toiletသွားနေတုန်း ရိပေါ်စားပွဲပေါ်ခေါင်းမှောက်အိပ်နေချိန်


"ရိပေါ် "
ရိပေါ်ခေါ်သံကြားလို့ ခေါင်းထောင်ကြည့်ပြီး


"မင်းက ........."


"သံစဉ် ပါ ရိပေါ်မမှတ်မိဘူးလားဟင် သေချာကြည့်ပါဦး"
ကောင်မလေးက ပြုံးပြပြီးပြောတော့ ရိပေါ်ခဏလောက်ကြည့်ပြီး


"Sorry ပါ တကယ်မသိဘူး"ရိပေါ်ပြောလိုက်တော့ ကောင်မလေးမျက်နှာညိုးကျသွားသည်။


"အာ.......ရိပေါ်ကသံစဉ်ကိုမမှတ်မိဘူးပဲ သံစဉ်ဝမ်းနည်းသွားပြီကွာ"
ရိပေါ်လည်းအားနာစွာဖြင့်


"ပြောပြကြည့်လေ ပြန်မှတ်မိလာမလားလို့"
ကောင်မလေးမျက်နှာပြုံးယောင်သန်းသွားပြီး ရိပေါ်ဘေးနားကလွှတ်နေတဲ့ခုံမှာဝင်ထိုင်လိုက်သည်။(ရှောင်းကျန့်ထိုင်တဲ့ခုံ)


"ရိပေါ်မမှတ်မိလို့ပါ... အလယ်တန်းမှာရိပေါ်နဲ့စသိတာလေ အရင်ကသံစဉ်ကမပြင်တတ်မဆင်တတ်လေ မျက်မှန်ဝိုင်းကြီးနဲ့ဆံပင်ကောက်ကောက်နဲ့ တစ်နေ့သံစဉ်ကဆရာမထပ်ခိုင်းတဲ့စာအုပ်တွေ ဆရာမတွေနားနေဆောင်ကိုသွားပို့တာ ရိပေါ်ကသူငယ်ချင်းတွေနဲ့ဆော့နေတာလားမသိဘူး...သံစဉ်ကိုဝင်တိုက်တယ်လေ ပြီးတော့ မှန်ကြောင် ဘာဖြစ်သွားသေးလဲတဲ့"
ရိပေါ် သံစဉ်ပြောတာကို ရယ်ပြီး


"မှတ်မိပြီ မှတ်မိပြီ သံစဉ်ကတော်‌တော်ပြောင်းလဲသွားတာပဲ အရင်ကပုံနဲ့အခုပုံတခြားဆီပဲ"
သံစဉ်လည်းပြန်ပြုံးပြပြီး


"သံစဉ် ရိပေါ်ကိုခင်မယ်နော် သံစဉ်ကခုမှပြောင်းလာတော့ သူငယ်ချင်းမရှိလို့ ရတယ်မလားဟင်"
ရိပေါ်လည်း


"ရတာပေါ့ သံစဉ်ရဲ့ ကိုယ့်သူငယ်ချင်းတွေနဲ့ပါ မိတ်ဆက်ပေးမယ်"
သံစဉ်လည်းပြုံးပြပြီး ခေါင်းငြိမ့်ပြသည်။
မကြာခင် ဟောက်ရွမ်းနဲ့ရှောင်းကျန့်ကျောင်းခန်းထဲသို့ပြန်ဝင်လာသည်။



Xiao Zhan POV's
ကျွန်တော်ဟောက်ရွမ်းနဲ့ Toiletကပြန်အလာ မြင်လိုက်ရတဲ့မြင်ကွင်း ရိပေါ်နားမှာကောင်မလေးတစ်ယောက် အဲ့ကောင်မလေးကလည်းဒီနေ့မှရောက်လာတဲ့ကျောင်းသူသစ် သူတို့တွေတစ်ယောက်နဲ့တစ်ယောက်‌သိနေကြတာလား???‌
ရိ‌ပေါ်ကလည်းပါးစပ်နားရွက်တက်ချိတ်တော့မယ် ကောင်မလေးကရဲတင်းလိုက်တာ ကျွန်တော့်ခုံမှာပါ ဝင်ထိုင်နေတယ် ကျွန်တော်စိတ်ထဲမှာအလိုမကျ ဟုတ်တယ်လေ...ကောင်မလေးကရိပေါ်နားမှာထိုင်တာတောင်အားမရသေးပဲ ရိပေါ်ကိုရယ်ရင်းနဲ့ လက်ကလည်းလှမ်းလှမ်းရိုက်သေး တောက်စ် ဒေါသထွက်လိုက်တာ



Please love once in my lifetime 💚❤️(Completed)Where stories live. Discover now