Part 30

977 49 3
                                    

Zawgyi
ဒီနေ့ အောင်စာရင်းထွက်တဲ့နေ့မို့လို့ ကျောင်းသားတိုင်းရင်ခုန်နေကြသည်။စာမေးပွဲဖြေထားတဲ့ရလဒ်က ရှောင်းကျန့် All_D,ရိပေါ်နဲ့ဟောက်ရွမ်းက 3Dပါသည်။ဒီနေ့က ရှောင်းကျန့်တွက်တော့အပျော်ဆုံးနေ့ပင် ဒီနေ့သူနဲ့ရိပေါ်နဲ့ရည်းစားသက်တမ်း၇လပြည့်တဲ့နေ့...ပြီးသွားတဲ့လ‌တွေမှာလည်း ရှောင်းကျန့်နဲ့ရိပေါ် ရန်လည်းခဏခဏဖြစ်ကြသည်။ရန်ဖြစ်ရင်လည်း ငါးမိနစ်တောင်မကြာ ရိပေါ်ကစိတ်ဆိုးရင်လည်းအဝေးကြီးထွက်မသွားပဲ အခန်းရှေ့မှာရှောင်းကျန့်ပြန်လာချော့သည်အထိ ရပ်စောင့်နေသည်။ပြန်လာမချော့ရင်လည်း သူ့ဘာသာသူဝင်သွားပြီး ရှောင်းကျန့်ကိုပြန်ချော့ရသည်။ရန်ဖြစ်တာကလည်း သူများတွေလို သစ္စာမရှိတာတို့ နားလည်မှုမရှိတာတို့ အဲ့ကိစ္စတွေကြောင့်မဟုတ် သူမဟုတ်တဲ့သူစိမ်း‌တွေကိုပြုံးပြရယ်ပြတာတို့၊သူ့စကားနားမထောင်ရင်လည်းစိတ်ကဆိုးသေး အဲ့ဒီကောက်စိန်လေးဟာ တခြားလူမဟုတ်...ဝမ်ရိပေါ်လေးရယ်ပါ...ဒီလိုနဲ့ပဲ သူတို့နှစ်ယောက် တစ်ယောက်အပေါ်တစ်‌ယောက်ယုံကြည်နားလည်မှု၊သစ္စာရှိမှုတွေကြောင့် သူတို့နှစ်ယောက်အချစ်ရေးကလည်း ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ပဲ  ပို၍ခိုင်မြဲလာသည်။

"ကိုကို ဒီနေ့ဘာနေ့လဲသိလား..."ရိပေါ် ရှောင်းကျန့်ပေါင်ပေါ်လှဲအိပ်နေ၍ ရှောင်းကျန့်က ရိပေါ်ဆံပင်လေးတွေကိုဆော့နေရင်း မေးလိုက်သည်။

"ဟင် ဒီနေ့ကကြာသ‌ပတေးလေအချစ်...ဘာလို့လဲ???"ရှောင်းကျန့် မျက်နှာချက်ချင်းညှိုးငယ်သွား၍

"ဟင့်အင်း ဘာမှမဟုတ်တော့ပါဘူး..."ရှောင်းကျန့်မျက်နှာမကောင်းတာကိုရိပေါ် ကြည့်၍ စိတ်ထဲလည်းမကောင်း
*အချစ်ရယ် ကိုကိုမသိပဲနေမလား...ဒီလိုနေ့လေးကို ကိုမေ့နေရင်လည်း ကို့လိုလူလောက်အသုံးမကျတဲ့သူမရှိတော့ဘူး...ကိုကိုသိတာပေါ့ အချစ်ကို surpriseလုပ်ချင်လို့...ကိုမသိချင်ယောင်ဆောင်နေတာပါ...ကို တကယ်တောင်းပန်ပါတယ်...အချစ်မျက်နှာလေးအဲ့လိုညှိုးငယ်နေအောင် လုပ်ခဲ့မိလို့...*ရိပေါ် တွေးပြီး ရှောင်းကျန့်‌ခေါင်းကိုဆွဲချလိုက်၍ နှုတ်ခမ်းလေးကို နမ်းလိုက်သည်။

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now