Part 32

803 38 1
                                    

Zawgyi
~~~Ring Ring~~~
ရိပေါ်နဲ့ရှောင်းကျန့်အိပ်နေတုန်း ဖုန်းဝင်လာသည်။ရိပေါ် နိုးလာပြီး ဖုန်းကိုတစ်ချက်ကြည့်ပြီး ဖုန်းစိမ်းမို့လို့ မကိုင်ပဲ ပြန်ချလိုက်သည်။ရိပေါ်သူ့ရင်ခွင်ထဲမှာမြုပ်နေတဲ့ သူ့အသဲအသက်လေးလေးရဲ့ဆံပင်ကိုအမြတ်တနိုးနမ်းပြီး ထပ်တိုးဖက်၍ ပြန်အိပ်နေလိုက်သည်။


~~~Ring Ring~~~
နောက်တစ်ခေါက်မြည်လာတဲ့ဖုန်းသံကြောင့် သူ့အသဲအသက်လေးနိုးသွားမှာစိုး၍  ရိပေါ် စိတ်ကိုမနည်းဆွဲဆန့်ကာ ကိုင်လိုက်သည်။

"ဟယ်လို..."

"ဟယ်လို...သားဝမ်ရိပေါ် တီချယ်ပါ..."

"ဪ...ဟုတ်တီချယ် တီချယ်နေကောင်းလား..."

"အေး ကောင်းတယ် သားရေ ဒီနေ့တီချယ်မွေးနေ့ပါတီမို့ ငါ့သားလေးတို့ကို ဖိတ်တာ ရှောင်းကျန့်၊ဟောက်ရွမ်းကိုပါ ခေါ်ခဲ့နော်...အတန်းထဲကကျောင်းသူ၊ကျောင်းသားတွေလည်း လာကြမှာ...ညနာရီလောက်စမှာသား..."

"ဟုတ်တီချယ် သားတို့လာ...ခဲ့ပါ့မယ်.."


"အေအေးသား...အိပ်နေတာထင်တယ်...ပြန်အိပ် ပြန်အိပ် မမေ့နဲ့နော် လာဖို့လည်း..."


"ဟုတ် တီချယ်...အဲ့ဆို ဒါပဲနော် တီချယ်..."ပြောပြီးဖုန်းချလိုက်သည်။ရိပေါ် သက်ပြင်းချသံကြားတော့ ရင်ခွင်ထဲအကောင်ပေါက်လေးမှ


"ကို ဘယ်သူဆက်တာမို့လို့လဲ???"


"တီချယ်ဆက်တာ သူ့မွေးနေ့မို့ ကိုတို့ကိုလာစေချင်လို့တဲ့...ငြင်းရမှာလည်းမကောင်းတာကြောင့် ကိုမငြင်းလိုက်ရဘူး..."


"အဲ့ဒါများ ကိုရယ် သွားကြတာပေါ့...တီချယ် ‌မွေးနေ့ဆိုတော့ လူတွေအများကြီးလာမှာ ပျော်စရာကြီးပေါ့..."ရိပေါ် ပြုံး၍ ရှောင်းကျန့် ခေါင်းလေးကိုပုတ်လိုက်သည်။


"လာ မျက်နှာသွားသစ်မယ်..."ရှောင်းကျန့်ပြောတော့ ရိပေါ်ကထုံးစံအတိုင်း morning kissတောင်း‌တော့ ရှောင်းကျန့်လည်း နဖူး၊နှာ‌ခေါင်းထိပ်၊ပါးနှစ်ဖက်၊အဆုံးသတ်အနေနဲ့ မထူမပါးနှုတ်ခမ်းလေးအား အနမ်းပေးလိုက်သည်။ရိပေါ် ပြုံးဖြီးပြီး ရှောင်းကျန့်ကိုမှီတွယ်၍ ရေချိုးခန်းထဲဝင်သွားသည်။မျက်နှာသစ်နေရင်းနဲ့လည်း ရှောင်းကျန့်နဲ့ရိပေါ်  အကြည့်ချင်းစုံပြီး တစ်ယောက်နဲ့တစ်ယောက် သွားတိုက်ပေးနေပြန်သည်။


Please love once in my lifetime 💚❤️(Completed)Where stories live. Discover now