Zawgyi
"ဟေ့လူ ကျွန်တော့်အိမ်ကိုဘယ်လိုသိ ဒါမှမဟုတ် မျက်စိလည်လမ်းမှားပြီးများရောက်လာတာလား...""မဟုတ်ပါဘူးကွာ...မင်းသက်သာရဲ့လား ဖွားလာကြည့်ခိုင်းလို့..."ခြံထဲမှာပန်းရေလောင်းနေတဲ့ဖေးယွီဖွားနေရင်းထိုင်ရင်း ခလုတ်တိုက်တော့သည်။
*ငါ့အတင်းဘယ်သူတွေပြောနေပါလိမ့်...*
(ဖွားရဲ့ချစ်မြေး ချန်ဖေးယွီပါဖွား🤭)
ချန်ဖေးယွီတစ်ယောက် လော်ယွင်ရှီးလေးသက်သာရဲ့လား သူ့ဟာသူလာကြည့်ပြီး ယွင်ရှီးနဲ့လည်းဆုံရော ဖွားကိုအကြောင်းပြ၍ ချော်လဲရောထိုင်လုပ်လိုက်သည်။"ကျွန်တော့်ကတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ...ခုလည်းcrushဆီသွားမလို့..."ပြောပြီး စက်ဘီးနဲ့ထွက်သွားသည်။
လော်ယွင်ရှီးထွက်သွားပြီးမကြာမီ ဖေးယွီလည်းကားမောင်းထွက်သွားသည်။
.
.
.ယွင်ရှီးတစ်ယောက် ဘေးနားမှာရှိတဲ့ဓာတ်တိုင်နဲ့သာ ခေါင်းကိုပြေးဆောင့်ချင်သွားသည်။သူကတော့ သူ့crushလေးကိုလွမ်းလို့လာကြည့်ပါတယ် သူ့crushလေးကသူ့ချစ်သူနဲ့သာယာနေလိုက်တာများမိုးမမြင်လေမမြင်...ရေပိုက်နဲ့များဆော့နေလိုက်ကြတာများ နှစ်ယောက်တစ်ကမ္ဘာကိုဖြစ်လို့...ယွင်ရှီးမြင်လိုက်ရတဲ့မြင်ကွင်းက ရှောင်းကျန့်ကရေပိုက်နဲ့ပန်းပင်ကိုရေဖြန်းနေတာ အဲ့တာကိုရိပေါ်ကပိုက်တက်နင်းထားတော့ ရေပိုက်ရေမလာ ရိပေါ်ကိုရှောင်းကျန့်ကခြေထောက်ဖယ်ခိုင်းလိုက်တော့ ရိပေါ်လည်းဘုမသိဘမသိနဲ့ဖယ်ပေးလိုက်သည်။ရေပိုက်ကိုရှောင်းကျန့်ကမျက်နှာနဲ့အနီးကပ်သတိလက်လွတ်ထားလိုက်မိတယ်...ရိပေါ်ကမသိပဲ ခြေထောက်ကိုဖယ်ပေးလိုက်တော့ ရှောင်းကျန့်မျက်နှာတန်းနေရော...ရှောင်းကျန့်ပထမတော့ရေမွန်းသွား၍ နောက်ကျတော့ ရိပေါ်ကို ရေလိုက်ပက်နေသည်။ရိပေါ်ကထွက်ပြေး ရှောင်းကျန့်လိုက်ပက် နောက်ဆုံးရိပေါ်ရှောင်းကျန့်ကိုအနောက်ကနေသိုင်းဖက်၍ ရေပိုက်ကိုမရမကလိုက်ယူ၍ ပိတ်လိုက်သည်။ပိတ်တော့လည်း ရေပိုက်ကတော်တော်နဲ့မပိတ်...ရှောင်းကျန့်ရောရိပေါ်ရောရေပိုက်ပိတ်သွားတော့မှ အသက်ဝဝရူရတော့သည်။မကြာပါဘူး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ထရယ်တော့သည်။ရိပေါ်မှ ရှောင်းကျန့်မျက်နှာလေးကိုရေသုတ်ပေးနေသည်။ယွင်ရှီးလည်း နှစ်ယောက်တစ်ကမ္ဘာထင်နေသော လင်လင်နှစ်ယောက်ကိုကြည့်မရတော့၍ စိတ်ညစ်ညစ်နဲ့ထွက်လာလိုက်သည်။ယွင်ရှီးကိုအနောက်ကနေအရိပ်လေးတစ်ဖွယ်လိုက်နေတဲ့သူတစ်ယောက်လည်းထိုနေရာတွင်ရှိခဲ့သည်။
ယွင်ရှီးစက်ဘီးစီးဖို့တောင်အင်အားမရှိတော့... စက်ဘီးလေးကိုတွန်း၍ လမ်းမကြီး၌လျောက်နေမိသည်။နောက်တော့ စက်ဘီးထောင့်ထောက်၍ လမ်းပေါ်ထိုင်ချလိုက်သည်။
*ကော ရက်စက်တယ်ဗျာ...ကောနဲ့ရိပေါ်ကောနဲ့က တကယ်ပဲချစ်သူတွေဖြစ်နေကြပြီလား...ကျွန်တော်အဲ့လောက်တော့မယုတ်မာဘူးကော...ကျွန်တော်ကောကိုသိပ်ချစ်တယ်...ကောကြောင့်မို့ ကျွန်တော်ပြောင်းလဲသွားတာတွေလည်းအများကြီးပဲ...ကျွန်တော်ကတော့ ချစ်သူရှိတဲ့သူကိုတော့အတင်းတွယ်ကပ်ရလောက်တဲ့အထိတော့စိတ်ဓာတ်အောက်တန်းမကျဘူးကော...ကောပျော်ရင်ကျွန်တော်လည်းပျော်တယ်...ကောပျော်မယ်ဆိုရင် ကျွန်တော်ကျေကျေနပ်နပ်ကြီးနောက်ဆုတ်ပေးပါ့မယ်ကော...ဒါပေမယ့်ကျွန်တော်စိတ်ပူတာက...သံစဉ်ကတော့ငယ်ငယ်ထဲကသူ့အကြောင်းသိတော့ လွယ်လွယ်နဲ့တော့လက်လျော့မှာမဟုတ်ဘူးကော...သူကသူလိုချင်တဲ့ဘယ်အရာကိုမဆို မရရအောင်ယူတတ်တယ်...ကောစိတ်ချ ကောကိုသံစဉ်ဘယ်လိုမှနှောင့်ယှက်လို့မရအောင် ကျွန်တော်နောက်ကွယ်ကနေတတ်နိုင်သမျှကာကွယ်ပေးမယ်ကော...ကျွန်တော်ကောကိုသိပ်ချစ်လွန်းလို့လက်လွှတ်လိုက်ပြီကော...*ယွင်ရှီးတွေးပြီး လမ်းပေါ်မှာဒူးနှစ်ချောင်းထောင်ပြီးခေါင်းကိုအောက်စိုက်၍အသံတိတ်ငိုချသည်။
YOU ARE READING
Please love once in my lifetime 💚❤️(Completed)
RandomZawgyi ငါလူတစ်ယောက်ကို မုန်းပြီးဆိုရင် အဲ့လူက ငါ့အတွက်တော့ သေလူပဲ....ငါချစ်တဲ့မင်းကိုမုန်းချင်တယ်...ဒါမယ့် မုန်းလို့မရခဲ့ဘူး... Xiao Zhan ငါမင်းကိုသဝန်တိုတယ် ရှောင်းကျန့် ကုန်ကုန်ပြောရရင် မင်းကိုတိုက်နေတဲ့လေကအစ ငါသဝန်တိုတယ်..... Wang Yibo သုံးရက်တစ...