Zawgyi
ရုပ်ရှင်ရုံမသွားခင် ရိပေါ်၊ရှောင်းကျန့်၊ဟောက်ရွမ်း၊သံစဉ် သူတို့လေးယောက် အကျီပြန်လဲကြသည်။(သံစဉ်က တစ်ယောက်တည်း condoမှာနေတာ တစ်ခါတလေမှသူ့အဒေါ်ဆရာမနဲ့လာနေတာ...ကဲဆက်ကြစို့....)"ရှောင်းကျန့် ငါအကျီပဲဝတ်လိုက်ပါလား မင်းအိမ်သွားရင်ရှောင်းမား ရှိတယ်လေ ငါ့အိမ်မှာဘယ်သူမှမရှိဘူး ပါးရောမားရော companyသွားကြတယ်..."
"ဖြစ်ပါ့မလား???မင်းအကျီငါနဲ့တော်ပါ့မလား???"
"မင်းအကောင်က ဘယ်လောက်ကြီးလို့လဲ???"
ရှောင်းကျန့် နှုတ်ခမ်းဆူပြီး မျက်စောင်းထိုးတော့ ရိပေါ်ပြုံးလိုက်သည်။
ရှောင်းကျန့်လည်း ရိပေါ်ပြောသလို ရိပေါ်အကျီသာဝတ်လိုက်သည်။
ရိပေါ်နဲ့ရှောင်းကျန့် ရှောင်းမားမတွေ့ခင် အမြန်ပြင်ဆင်ပြီး ရုပ်ရှင်ရုံသို့သွားကြသည်။ဟောက်ရွမ်းရော သံစဉ်ပါ ရောက်နှင့်နေကြသည်။
ရိပေါ်ကိုတွေ့တာနဲ့ သံစဉ်ရိပေါ်လက်မောင်းကိုချိတ်၍"ရိပေါ် အရမ်းချောနေတယ်သိလား???ကောင်မလေးတွေကြည့်နေတာမနာလိုတော့ဘူး အဟင့်...."
ရိပေါ်မှ"သံစဉ် ဝတ်ထားတာအရမ်းကြီးတိုမနေဘူးလား???"
သံစဉ် ရိပေါ်အပြောကို ရိပေါ်ပုခုံးကိုမှီကာ"အာ...ရိပေါ်ကလည်း...အရမ်းကြီးမတိုပါဘူး...ဘာလဲ ရိပေါ်မကြိုက်ဘူးလား...ရိပေါ်မကြိုက်ရင် နောက်တစ်ခါမဝတ်တော့ဘူး ..."
"သံစဉ်ဟာသံစဉ် ကြိုက်သလိုဝတ်ပါ...ခုဟာက အမြင်ရိုင်းနေလို့ပြောလိုက်တာ..."ဟောက်ရွမ်းမှ
"ရိပေါ် ငါတို့မုန့်တွေဝယ်ရအောင်လေ..."
ရိပေါ်လည်းခေါင်းငြိမ့်ပြလိုက်သည်။"ဟောက်ရွမ်း...ငါဟိုဘက်မှာပေါက်ပေါက်သွားဝယ်လိုက်ဦးမယ်..."
"အေး...ငါလိုက်ခဲ့မယ်..."
ရိပေါ်ကလည်း ခပ်မြန်မြန်ပင် ရှောင်းကျန့်နားသွားပြီး"ရတယ် ဟောက်ရွမ်း မင်းကသံစဉ်နဲ့တခြားမုန့်တွေဝယ်ထားလိုက်...ငါ ရှောင်းကျန့်နဲ့လိုက်သွားလိုက်မယ်..."
"ဒါပေမယ့်...ရိပေါ်..."
ဟောက်ရွမ်းစကားပင်မဆုံးသေး ရိပေါ် ရှောင်းကျန့်လက်ကိုဆွဲ၍ ထွက်သွားသည်။ဟောက်ရွမ်းစိတ်ထဲတွင်တော့
*စိတ်ညစ်ပါတယ် ငါ့ကိုတကယ့်လူနဲ့မှထားခဲ့တယ်...ချွဲပျစ်လို့ ကြည့်မရပါဘူးဆို...ဟူးးးးး ရိပေါ် ...မင်းအလှည့်ကျရင်တွေ့မယ် ဟွန့်...*
သံစဉ် မုန့်ရွေးပြီး နောက်လှည့်ကြည့်တော့ ရိပေါ်ကိုမတွေ့၍ မျက်နှာပျက်သွားကာ ဟောက်ရွမ်းကိုမေးလိုက်သည်။
YOU ARE READING
Please love once in my lifetime 💚❤️(Completed)
De TodoZawgyi ငါလူတစ်ယောက်ကို မုန်းပြီးဆိုရင် အဲ့လူက ငါ့အတွက်တော့ သေလူပဲ....ငါချစ်တဲ့မင်းကိုမုန်းချင်တယ်...ဒါမယ့် မုန်းလို့မရခဲ့ဘူး... Xiao Zhan ငါမင်းကိုသဝန်တိုတယ် ရှောင်းကျန့် ကုန်ကုန်ပြောရရင် မင်းကိုတိုက်နေတဲ့လေကအစ ငါသဝန်တိုတယ်..... Wang Yibo သုံးရက်တစ...